iMyanmarHouse.com - Best Property Website for Myanmar
×








ကျန်းမာရေးကောင်းအောင် ရေကို တစ်နေ့ အနည်းဆုံး (၈) ခွက်သောက်ဖို့ လိုအပ်တယ်ဆိုတဲ့ စကားတွေနဲ့ ကျွန်ုပ်တို့ အများစု ကြီးပင်းလာခဲ့ကြရပါတယ်။ ဒါပေမယ့် ကျွမ်းကျင်ပညာရှင်တွေက အဲဒီရေပမဏဟာ သင့်အဖို့ ကောင်းမွန်မနေပါဘူး။ အန္တရာယ်ဖြစ်စေနိုင်တယ်လို့ သတိပေးထားပါတယ်။

ဗြိတိသျှလူမျိုး ဆရာမတစ်ဦးဖြစ်တဲ့ Margaret McCartney ကတော့ တစ်နေ့ ရေ (၈)ခွက်သောက်တာ အဓိပ္ပါယ် မရှိရုံမက လုံးဝမှားယွင်းနေကြောင်း ပြောဆိုခဲ့ပါတယ်။

တစ်နေ့ ရေ (၈) ခွက်သောက်ခြင်းက ဆီးလမ်းကြောင်း ကူးစက်ရောဂါကို ကာကွယ်ပေးခြင်း၊ အသားရေ ပိုမိုကောင်းမွန်စေခြင်း၊ ကိုယ်အလေးချိန်နဲ့ အစာချေမှုအတွက် အထောက်အကူဖြစ်စေခြင်းနဲ့ အာရုံစူးစိုက်မှုကောင်းစေခြင်းစတဲ့ သင့်ကျန်းမာရေးကို အံ့သြသင့်စေတဲ့ အချက်တွေ လုပ်ပေးတယ်လို့ ကျွန်တော်တို့ကြားခဲ့ကြရပါတယ်။

ဒါပေမယ့် ဒီလေ့လာချက်က တစ်နေ့ရေ (၈) ခွက်သောက်တာ  ယင်းကျန်းမာရေး အကျိုးကျေးဇူးတွေ မဖြစ်စေရုံမက မာရသွန် အပြေးသမားတွေမှာ အဖြစ်များတဲ့ သွေးအားနည်းရောဂါတစ်ခုဖြစ်တဲ့ hypomatremia   လို ကောင်းကျိုးမပေးတဲ့ အကျိုးဆက်တောင် ဖြစ်စေနိုင်သေးတယ်လို့ ယင်းလေ့လာမှုက သဘောတူ လက်ခံထားပါတယ်။

ရေကို အလွန်အကျွံသောက်ရင်၊ နောက်ပြီး နေလို့ထိုင်လို့ မကောင်းလောက်အောင် သောက်ပါက ကျောက်ကပ်က အလုပ်ဖြင့်ဝန်ပိသွားပါလိမ့်မယ်လို့ McCartney က ပြောဆိုခဲ့ပါတယ်။

Credit : Trend Myanmar

 ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...


 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top