iMyanmarHouse.com - Best Property Website for Myanmar
×










ခန္ဓာကိုယ် အလှအပ နဲ့ ပတ်သက်လို့ အမျိုးသားတွေ သဘောကျရရုံတင်မက အမျိုးသမီးတွေ အားကျအောင်ပါ နေထိုင်ပြ တတ်တဲ့ ပေါ့စတား Jennifer Lopez ဟာ သူမရဲ့ အ၀တ်အစားတွေထဲက Sexy အဖြစ်ဆုံး ၀တ်စုံကို ရွေးချယ်ဝတ်ဆင်ကာ သူမရဲ့ အသက် ၄၆ နှစ်မြောက် မွေးနေ့ပွဲကို ဖြတ်သန်းခဲ့ပါတယ်။

လောလောလတ်လတ် ပဲ ဆံပင်ကို အတိုပုံစံ စတိုင်လ် မျိုး ညှပ်ထားတဲ့ J.Lo ဟာ သောကြာင်္နေ့မှာ ကျရောက်တဲ့ သူမရဲ့ မွေးနေ့ကို နယူးယော့ခ် မြို့မှာရှိတဲ့ 1 Oak နိုက်ကလပ် မှာ ကျင်းပခဲ့တာပဲ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ထို မွေးနေ့ပွဲကို တက်ရောက်လာသူ အားလုံးဟာ J.Lo ရဲ့ ဖက်ရှင် နဲ့ လှပနေပုံကို ကြည့်ပြီး J.Lo တစ်ယောက် အသက် ၁ နှစ်ထပ်ကြီးသွားတယ်ဆိုတာကိုတောင် အသိအမှတ်ပြုဖို့ မေ့လျော့နေခဲ့ကြရပါတယ်။

ထို မွေးနေ့ပွဲကို အနုပညာ အသိုင်းအ၀ိုင်းက J.Lo ရဲ့ မိတ်ဆွေတွေနဲ့ သူငယ်ချင်းတွေလည်း တက်ရောက်ကြပြီး ခန္ဓာကိုယ် အလှကို ဖောက်ထွင်းမြင်နိုင်စေမယ့် အမိုက်စား ၀တ်စုံ ကို ၀တ်ဆင်ထားတဲ့ J.Lo ကတော့ သူမရဲ့ ရည်းစားဟောင်း တစ်ယောက်ဖြစ်တဲ့ အကပညာရှင် Casper Smart နဲ့ အတူတူ မွေးနေ့ပွဲကို ကျင်းပခဲ့တာပါ။

မကြာသေးမီ ရက်ပိုင်းကပဲ J.Lo ဟာ သူမရဲ့ Instagram ကနေတဆင့် ပရိတ်သတ်တွေကို သူမ ငယ်ရွယ်စဉ် အချိန်အခါတုန်းက ရိုးရှင်းတဲ့ အသွင်အပြင် နဲ့ သူမရဲ့ ဓါတ်ပုံတစ်ပုံ ကို ပြန်လည် ဝေမျှ ထားပါသေးတယ်။

Jenny From The Block သီချင်းနဲ့ ဆယ်စုနှစ် ၃ ခု ကျော် လောက် အောင်မြင်မှု ကို ဖန်တီးနိုင်ခဲ့တဲ့ J.Lo ဟာ လက်ရှိမှာလည်း Shades of Blue ဆိုတဲ့ မှုခင်းဆိုင်ရာ ဒရာမာ ဇာတ်လမ်း တစ်ခုကို ရိုက်ကူးနေပြီး ထိုဇာတ်လမ်းထဲမှာတော့ သူမဟာ စုံထောက် တစ်ယောက် နေရာက သရုပ်ဆောင်ရမှာ ဖြစ်တယ်လို့ သိရပါတယ်။

Credit : ThitHtooLwin

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top