iMyanmarHouse.com - Best Property Website for Myanmar
×












အိမ်ထောင်ရှိတဲ့ အမျိုးသမီးတစ်ယောက်ဟာ လိင်တူချစ်သူ ထပ်ထားတာမျိုးကို ဖောက်ပြန်တယ်လို့ ခေါ်နိုင်သလားဆိုတဲ့ မေးခွန်းမျိုးတွေ သင်ကြားဖူးမှာပါ။ ဒီအဖြစ်အပျက်တွေက အထူးအဆန်းတော့ မဟုတ်တော့ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အိမ်ထောင်ရှိတဲ့ အမျိုးသမီးတွေနဲ့ ချစ်ကြိုက်လာကြတဲ့ အမျိုးသမီးတွေ တစ်ဖြည်းဖြည်း အရေအတွက်ပိုတိုးပြီး ရှိလာကြလို့ပါပဲ။  ဒါပေမယ့် ဖောက်ပြန်တယ် မဖောက်ပြန်ဘူးဆိုတဲ့အရာထက် ပိုအရေးကြီးတာက သင်အခက်အခဲများစွာ ကြုံတွေ့လာနိုင်တယ်ဆိုတာပါပဲ။ သင်ချစ်နေတဲ့ သင်ချစ်သူကောင်မလေးနဲ့ သူ့ အမျိုးသားဟာ ဘ၀တစ်ခုကို ထူထောင်ပြီးနေပါပြီ။ နောက်တစ်ချက်က ကလေးရှိတယ်ဆိုရင် ပြသနာ ပိုကြီးကျယ်လာဦးမယ်ဆိုတာပါပဲ။ ဒါတောင် ဟိုဘက်မိသားစု၊ ဒီဘက်မိသားစု ကိစ္စတွေ မပါသေးဘူးနော်။

ပထမဆုံးအနေနဲ့ အိမ်ထောင်ရှိတဲ့ အမျိုးသမီးတွေဟာ ဘာ့ကြောင့် လိင်တူချစ်သူထပ်မံထားရှိရသလဲဆိုတဲ့အကြောင်းလေးတွေ သုံးသပ်ကြည့်ရအောင်ပါ။ဖြစ်နိုင်ခြေအများဆုံးအရာတွေကတော့ သူမဟာ သူမရဲ့ အိမ်ထောင်ရေးမှာ ပျော်ရွှင်မှုမရတာကြောင့်ပါ။ ဒီတော့ အပြင်မှာဆို သူဘယ်လို အပျော်ရှာနိုင်မလဲဆိုတာကို တွေးပါလိမ့်မယ်။ နောက်ထပ်ယောင်္ကျားတစ်ယောက်နဲ့ ထပ်ပတ်သက်ရတာထက်စာရင် မိန်းမတစ်ယောက်နဲ့ ချစ်ကြိုက်လိုက်ခြင်းဟာ ဘာပြသနာမှ မရှိနိုင်ဘူးဆိုပြီးတော့ပေါ့။ ဒီအတိုင်းဆို အိမ်ထောင်လည်း ကွာစရာမလိုသေးဘူးလေ။

နောက်ထပ်ဖြစ်နိုင်တဲ့အချက်ကတော့ သူ့အမျိုးသားကို သူလုံးဝသဘောမကျတော့တာကြောင့်၊ စိတ်မ၀င်စားတော့တာကြောင့် သူမကိုယ်သူမ လိင်တူစိတ်ဝင်စားတဲ့သူလားဆိုပြီး တွေးလာပါလိမ့်မယ်။ ဒါကလည်း အမျိုးသားဘက်က သူ့ကို စိတ်မ၀င်စားတော့ဘူးလို့ ခံစားရတာကြောင့်ရော အထီးကျန်ဝေဒနာခံစားလားဆိုတာ ထပ်မံဝေခွဲကြည့်ရဦးမှာပါ။

နောက်ဆုံးတစ်ချက်ကတော့ သူဟာ အစကတည်းက လိင်တူတွေကို စိတ်ဝင်စားနေတတ်တာဖြစ်သလို မိန်းမဆန်ဆန်နဲ့ ချစ်စရာကောင်းတဲ့ ကောင်မလေးတွေ၊ ဒါမှမဟုတ် ရင့်ကျက်တဲ့ အမျိုးသမီးတွေကို ကြိတ်သဘောကျနေတာလည်း ဖြစ်နိုင်ပါတယ်။

Utah တက္ကသိုလ်က ဒေါက်တာ Lisa Diamond ကတော့ အချစ်တော်တွေ ဘာ့ကြောင့်ထားကြတယ်၊ လိင်တူချင်းစိတ်ဝင်စားကြတဲ့ အမျိုးသမီးတွေကို အချိန်အတော်ကြာလေ့လာမှုတွေ ပြုပြီးနောက်ပိုင်း "အမျိုးသမီးတွေဟာ အစကပိုင်းကတော့ သူတို့တစ်ယောက်ကိုတစ်ယောက် အရမ်းခင်မင်သွားပြီး ယုံကြည်ကြရာကနေ လိင်ကိစ္စတွေ ပါဝင်သွားကြတာများပါတယ်။ သူတို့ဟာ လိင်ကိစ္စကြောင့်တော့ အတူနေချစ်ကြိုက်သွားကြတာမျိုး မဟုတ်ပါဘူး။ နောက်ထပ်သေချာတဲ့ အချက်ကတော့ အိမ်ထောင်ရှင်အမျိုးသမီးတွေ လိင်တူချစ်သူ ထပ်ထားတယ်ဆိုတာကလည်း သူတို့အိမ်ထောင်ရေး အခြေအနေကြောင့်သာပါပဲ"တဲ့။

အထူးသဖြင့် အထီးကျန်ပြီး စိတ်ဓာတ်ကျနေတဲ့ အမျိုးသမီးတစ်ယောက်အတွက် ဘေးမှာကိုယ့်ကိုနှစ်သိမ့်အားပေးမယ့်သူ တစ်ယောက်ကတော့ လိုတာပဲလေ။ ဒီတော့ သူငယ်ချင်း၊ အချစ်ဆုံးသူငယ်ချင်းအခြေအနေကနေ လိင်တူချစ်သူတွေဘ၀ ရောက်သွားတတ်ကြပါတယ်။ ဒီလိုဆို အမျိုးသားတွေကလည်း သူတို့အမျိုးသမီးကို ဘာမှမေးမြန်းနေတော့မှာ မဟုတ်ဘူးမဟုတ်လား။

ဒါပေမယ့် အမျိုးသားက ကိုယ့်အိမ်သူဟာ လိင်တူချစ်သူထားနေမှန်းသိတဲ့အခါမှာတော့
၁။အမျိုးသားက လိင်တူချစ်သူအမျိုးသမီးကို သူ့မိန်းမနားက ခွာဖို့ ပြောဆိုပါလိမ့်မယ်။ ဒါကို လက်မခံနိုင်ရင် ပိုကြမ်းတဲ့ အခြေအနေတွေ ဖြစ်လာပါလိမ့်မယ်။ ကိုယ့်ကောင်မလေး ကိုယ့်ဆီပြန်လာစေဖို့ လိင်တူချစ်သူကောင်မလေးက စောင့်ဆိုင်းနေရင်း အချိန်တွေ ကုန်သွားတာသာ အဖတ်တင်မှာပါ။

၂။တစ်ခါတစ်လေ တစ်အိမ်တည်းမှာ သုံးယောက်သား အတူနေတာမျိုးတောင် ရှိပါတယ်။ သုံးယောက်အတူနေရင်းကပဲ တစ်ယောက်ဟာ စိတ်ဓာတ်ကျ၊ စိတ်ပျက်သွားပြီး နောက်ဆုံးလက်လျော့သွားနိုင်ပါတယ်။

၃။ကိုယ့်လိင်တူချစ်သူကိုသာ ရွေးချယ်မယ်ဆိုရင်တော့ ဒါဟာ တော်တော်လေး ထူးဆန်းတဲ့ဖြစ်ရပ်လို့ ဆိုရမှာပေါ့။ များသောအားဖြင့် အမျိုးသမီးတွေဟာ ဒီလိုယှဉ်ရွေးလာရပြီဆိုရင် အမျိုးသားနဲ့ကလေးစတာတွေကို သာပိုရွေးချယ်တတ်ပါတယ်။

ဒီတော့ အိမ်ထောင်ရှင်အမျိုးသမီးနဲ့ ချစ်ကြိုက်တော့မယ့် အမျိုးသမီးတွေကို အကြံပေးချင်တာက နှစ်ခါမက စဉ်းစားဖို့ပါ။ သင်ထင်သလောက် မလွယ်ကူတဲ့ အခြေအနေဖြစ်သလို အဆုံးသတ်က သင်ထင်သလို ပြီးဆုံးသွားမှာ မဟုတ်ဘူးလို့ ဆိုချင်ပါတယ်။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top