iMyanmarHouse.com - Best Property Website for Myanmar
×










လက်ထပ်မယ်ဆိုရင်တော့ စိတ်ချမ်းသာပြီး သာယာသော အိမ်ထောင်ရေးကို ပိုင်ဆိုင်ချင်ကြသူချည်းပါပဲ။

စိတ်ထဲကထင်တဲ့အတိုင်း လက်ခံပြီး အချစ်နှင့် ဆုံးဖြတ်လိုက်ရင်တော့ ဘာဖြစ်လာမလဲဆိုတာကိုတော့ မတွေးရဲတာ အမှန်ပါ။
ကဲ လက်ထပ်တာဟာ သတ္တိတွေ ရဲရင့်မူတွေ အချစ်တွေနဲ့ရှုပ်ထွေးနေပင်မဲ့ သာယာသော အိမ်ထောင်ရေးကို ပိုင်ဆိုင်ပြီး ချမ်းချမ်းသာသာနေနိုင်ဖို့အတွက်
ဘယ်လို သတို့သားလောင်းကို ရွေးရင် ထီပေါက်မလဲဆိုတာကို ပြောမယ်နော်။

၀၁. အမှားကို ဝန်ခံရဲသော သတ္တိရှိသော ယောင်္ကျား

ကိုယ့်ရဲ့အမှားကို ဝန်ခံသော ယောင်္ကျားဟာ တော်သောသူဖြစ်ပါလိမ့်မယ်။ ဥပမာ ရန်ဖြစ်ရင်တောင် သူကမှားနေပြီး သူ့အမှားကို ဝန်မခံသော ယောင်္ကျားတွေအများကြီး ရှိပါတယ်။
အဲဒီလိုမျိုး ယောင်္ကျားတွေဟာ ဘဝမှာမတိုးတက်ပါ။ ဘာကြောင့်လဲဆိုရင် ရိုးသားမူမရှိလို့ပါ။

၀၂. ဘာပြသာနာနဲ့တွေ့တွေ့ ပစ်တိုင်းထောင်လို ပြန်ထနိုင်သော ယောင်္ကျား

အိမ်ထောင်သည်ဘဝဆိုတာ ၁နှစ်၂နှစ်မဟုတ်ပါ။ အသက်ရှိစဉ်ကာလအတွင်း ပြသာနာပေါင်း သောင်းခြောက်ထောင်နဲ့ကြုံရမှာပါ။
ဥပမာ ကျန်းမားရေး မကောင်းခြင်း၊ အလုပ်အဆင်မပြေခြင်း စသည်ဖြင့် အမျိုးမျိုးရှိပါတယ်။ အဲဒီလို ပြသာနာတွေနဲ့တွေ့သောအခါ
စိတ်ဓါတ်မကျသွားပဲ ရဲရဲဝံ့ဝံ့ရှေ့ကို ဆက်လျှောက်သွားနိုင်သောသူသာလျှင် အားကိုးရမှာပါ။

၀၃. နွေးထွေးသော မိသားစုအောက်မှာ ကြီးပြင်းလာသော ယောင်္ကျား

မွေးမိဘ သို့ မိဘလိုကျွေးမွေးစောင့်ရှောက်သော အုပ်ထိန်းသူရဲ့ လက်အောက်မှာ မိဘရဲ့အချစ်တွေနဲ့ကြီးပြင်းလာသောသူစဟာ
သူတပါးအပေါ်မှာလည်း အလွန်ကို ချစ်ခင်တွယ်တာပါတယ်။ ပတ်ဝန်းကျင်က ပြောင်းပြန်ဖြစ်ခဲ့သော် မိမိရဲ့စိတ်ကို ပြောင်းနိုင်မှသာလျှင်
သူတပါးအပေါ်မှာကောင်းနိုင်လိမ့်မယ်လို့ထင်ပါတယ်။

၀၄. သူ့ရဲ့သူငယ်ချင်း အပေါင်းအသင်းကို လက်ခံနိုင်လား

သု့ကိုလက်ခံတော့မယ်ဆိုရင် သူ့ရဲ့သူငယ်ချင်း အပေါင်းအသင်းကိုလည်း လက်ခံနိုင်ဖို့လိုအပ်ပါတယ်။ သူ့ရဲ့သူငယ်ချင်းတွေဟာ ကိုယ့်အနေနဲ့
ပေါင်းသင်းဆက်ဆံနိုင်မဲ့ အနေအထားရှိရဲ့လားဆိုတာကို သေသေချာချာ စဉ်းစား ဆုံးဖြတ်ဖို့လိုမယ်လို့ထင်ပါတယ်။

၀၅. ဖြစ်နေတဲ့ ပြသာနာကို ဖြေရှင်းနိုင်သလား

လက်ရှိ အခြေအနေမှာ ဖြစ်နေတဲ့ပြသာနာကို ဖြေရှင်းနိုင်သောဟုတ်ရဲ့လား။ ဖြစ်နေတဲ့ပြသာနာတွေကို ချက်ချင်းမဖြေရှင်းပဲ ထွက်ပြေးနေရင်တော့
ကိုယ့်ရဲ့ သတိုးသားလောင်း အနေဖြင့် လက်ခံဖို့ ဆိုတာကို ပြန်စဉ်းစားဖို့ လိုလာပါလိမ့်မယ်။

အပေါ်က ၅ ချက်ကို ဖတ်ပြီးရင်တော့ သတို့သားလောင်းကို ရွေးချယ်နိုင်ပြီလို့ထင်ပါတယ်။

Credit : Chelmo Team

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top