iMyanmarHouse.com - Best Property Website for Myanmar
×














နောက်ကျောအဆီတွေဟာ ကိုယ်အလေးချိန်ကျအောင် လုပ်တဲ့အခါ အခက်ဆုံးနေရာပဲ ဖြစ်ပါတယ်။ တစ်ကိုယ်လုံး ခြုံငုံပြီး သတိထားကြည့်လိုက်ရင် ဘရာစီယာတစ်ဝိုက် အဲဒီစူထွက်တဲ့ နေရာတွေက အမှတ်မရစေပါဘူး။ ဒါပေမယ့် စိုးရိမ်းစရာ မရှိတော့ပါဘူး။ ဒီအချက်လေးတွေ လိုက်လုပ်ပေးခြင်းဖြင့် နောက်ကျောအဆီကို နှုတ်ဆက်လို့ ထားခဲ့လိုက်ပါတော့

၁။ ကျန်းမာရေးနဲ့ ညီအောင်စားပါ။

သရေစာ၊ နေ့လည်စာ၊ ညနေစာနဲ့ အဆာပြေအဖြစ် ကျန်းမာရေးနဲ့ ကိုက်ညီပြီး အဆီကျစေတဲ့ အစားအစာတွေ စားပါ။ ကျန်းမာရေးနဲ့ ညီညွတ်အောင် စားခြင်းဟာ နောက်ကျောအဆီတွေကို ဖယ်ရှားဖို့ အတွက် အရေးကြီးပါတယ်။

၂။ နှလုံးကျန်းမာရေး လေ့ကျင့်ခန်း ဆောင်ရွက်ပါ။

ရေကူးခြင်း၊ လက်ဝှေ့အားကစားနဲ့ လှေလှော်ခြင်းတွေဟာ ကျောကုန်းအဆီထုတ်ဖို့ အရမ်းထိရောက်ပါတယ်။ ဒီလေ့ကျင့်ခန်းတွေက ကျောပြင်ကြွက်သား တောင့်တောင့်တင်းတင်းဖြစ်စေဖို့နဲ့ ကယ်လိုရီတွေ လျော့ဖို့အတွက် အများကြီး အထောက်အကူဖြစ်ပါတယ်။ အကောင်းဆုံး အကျိုးရလဒ်ရရှိဖို့အတွက်ဆိုရင်တော့ တစ်ပတ် (၁) ရက် ၃-၄ ကြိမ် အနည်းဆုံး မိနစ် (၃၀) ကြာ ပုံမှန်လုပ်ပေးပါ။

၃။ ကျောင်ပြင်အဆီလျော့ကျပြီး သေးသွယ်ပါးလျနေစေဖို့ ကြွက်သားတွေက အဓိကအချက်အချာကျပါတယ်။

core muscles တွေဖြစ်တဲ့ ဝမ်းဗိုက်ကြွက်သား၊ တင်ပါးကြွက်သားတွေနဲ့ ကျောပြင်ကြွက်သားတွေ ပုံဖော်လုပ်ယူတဲ့အခါ နောက်ကျောဖြေလျော့တာ၊ ခါးက အဆီပိုတွေ ဖယ်ရှားပေးတယ်။ ထိုင်ထပြုလုပ်ခြင်း၊ ဆောင့်ကြောင့်ထိုင်ခြင်းစတာတွေက အကောင်းဆုံး core muscle လေ့ကျင့်ခန်းတွေဖြစ်ပါတယ်။ ဒီလေ့ကျင့်ခန်းတွေ အစွမ်းကုန် လုပ်ပေးမယ်ဆိုရင် ခန္ဓာကိုယ်တစ်ခုလုံးက အဆီတွေ လျော့ကျစေနိုင်ပါလိမ့်မယ်။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top