iMyanmarHouse.com - Best Property Website for Myanmar
×










ဒီဘက်ခေတ်ဟာ နည်းပညာခေတ်ဖြစ်နေတာမို့ ကိုယ့်ရဲ့ချစ်သူက ကိုယ့်ကို တကယ်ချစ်ရဲ့လားဆိုတာ သိသာစေတဲ့အချက်တွေကလည်း ခေတ်နဲ့ အညီ ပြောင်းလဲ လာခဲ့ပါတယ်။ ဒီဘက်ခေတ် အချစ်ရေးဆိုတာ အင်တာနက်လိုင်းလိုပဲ ပြောင်းလဲလွယ်တာမို့ ကိုယ့်ကို တကယ်ချစ်ရဲ့လားဆိုတာ သိထားဖို့ လိုပါတယ်။

၁။ Viber ၊ Whasapp တို့ မှာ သူဘယ်အချိန်က ရှိခဲ့လဲဆိုတာ သင်မြင်နေရတယ်

ဒီခေတ်ဟာ ချက်ချင်းစာပေးပို့ နိုင်တဲ့ messenger တွေပြည့်နေတဲ့ခေတ်ပါ။ သင့်ရဲ့ ချစ်သူဟာ သူဘယ်အချိန်က အွန်လိုင်းရှိခဲ့လဲဆိုတာ သိရမယ့် last seen feature ကို မဖုံးကွယ်ထားဘူးဆိုရင် သူ့ မှာ တခြားဖုံးကွယ်ထားတာလည်း ဘာမှမရှိနိုင်ပါဘူး။

၂။ သင် ဓမ္မတာလာချိန် ခံစားရတဲ့ ဒုက္ခတွေကို ဂရုတစိုက်နားထောင်ပေးတယ်

မိန်းကလေးတစ်ယောက် ဓမ္မတာလာချိန်မှာ ခံစားရတဲ့ စိတ်ပိုင်း၊ကိုယ်ပိုင်းဆိုင်ရာ ပြဿနာလေးတွေကို သူဂရုတစိုက်နားထောင်ပြီး ဓမ္မတာပြီးဆုံး ချိန်မှာလဲ ပွေ့ ဖက်အားပေးတယ်ဆိုရင် သူကတော့ တကယ့်ချစ်သူကောင်းပါပဲ။

၃။ သူ့ ဖုန်းက Password မခံထားဘူး။

ဒါမှမဟုတ် password ခံထားရင်တောင် သင့်ကို ပြောပြထားတယ်။ တုံ့ ဆိုင်းမှု မရှိဘဲ သင့်ကို သုံးခွင့်ပေးတယ်ဆိုရင် သူ့ မှာ ဖုံးကွယ်ထားတာမျိုးမရှိဘဲ ရိုးသားတဲ့လူမျိုးပါ။ ဒါ့အပြင် သင့်ကိုလည်း သူယုံကြည်မှုရှိပြီး သူ့ ရဲ့ကိုယ်ပိုင်ဘ၀ကို သင်နဲ့ အတူ မျှဝေရတာကို စိုးရိမ်မှုမရှိတဲ့ သူပါ။

၎။ သင်နဲ့ Facebook မှာ ‘in a relationship’ လုပ်ထားတယ်သူဟာ သင်နဲ့ အချစ်ရေးရှိတယ်ဆိုတာ အွန်လိုင်းမှာ တင်ဖို့ ဝန်မလေးတဲ့ သူမျိုးပါ။ သင့်ကို သူတကယ်ချစ်မြတ်နိုးပြီး သူ့ ရဲ့အချစ်တွေကို လူအများသိအောင် ထုတ်ဖော်ပြဖို့ လည်း မတွန့် ဆုတ်တဲ့လူမျိုးပါ။

၅။ ‘ထိုကိစ္စ’ ကို ရဖို့ အတွက် သူစောင့်ဖို့ ဆန္ဒရှိတယ်

ဒီဘက်ခေတ် စုံတွဲတွေဟာ လိင်ကိစ္စနဲ့ ပတ်သက်ရင် ပွင့်လင်းရိုးသားမှု ရှိပါတယ်။ အများစုဟာ လက်မထပ်ခင် အတူနေကြပြီး တစ်ချို့ ကတော့ အခုထိ ရှေးရိုးဆန်တုန်းလည်း ရှိပါတယ်။ ဒါပေမယ့် သင်က ရှေးရိုးဆန်ပြီး သူကလည်း သင့်ကို နားလည်ပေးတယ်၊ သင့်ရဲ့ဆန္ဒတွေကို တန်ဖိုးထားတယ်ဆိုရင်တော့ သူဟာ သင့်ကို မြတ်မြတ်နိုးနိုး ချစ်မြတ်နိုးသူပါ။

၆။ သင့်ရဲ့ဖုန်းကို ကိုင်ဖို့ အတွက် သူ့ ရဲ့ဗီဒီယိုဂိမ်းကို ရပ်ထားပေးတယ်

ယောင်္ကျားလေးနဲ့ ဂိမ်းဆိုတာ ဒီဘက်ခေတ်မှာ ခွဲမရတဲ့ အရာပါ။ သင့်ရဲ့ချစ်သူ ကောင်လေးက သင့်ဖုန်းကို ကိုင်ဖို့ အတွက် သူဆော့နေတဲ့ ဂိမ်းကို ရပ်ပေးတယ်ဆိုရင်တော့ သင်ဟာ ကံအကောင်းဆုံး မိန်းကလေးပါပဲ။

၇။ သူ့ ရဲ့ email password တွေ သင်သိနေတယ်

ဒါဆိုရင်တော့ သူ့ ကိုယ်သူထက်တောင် သင့်ကိုယုံကြည်မှုပိုများနေတဲ့ ချစ်သူကောင်လေးပါ။ သူ့ ရဲ့ အလှို့ ဝှက်ဆုံးကိစ္စတွေလည်း သင့်ကို ပြောပြတယ်ဆိုရင်တော့ သင့်ကို သူတကယ်ချစ်တယ်ဆိုတာ ယုံမှားသံသယရှိစရာ မလိုတော့ပါဘူး။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top