iMyanmarHouse.com - Best Property Website for Myanmar
×

သရေစာစားခြင်း၊ ဆေးလိပ်သောက်ခြင်း၊ အရက်အလွန်အကျွံသောက်ခြင်း နဲ့ ရေဓာတ်ခန်းခြောက်ခြင်းတွေ လိုမျိုး သင့်ကျန်းမာရေးကို ထိခိုက်စေနိုင်ပြီး သင်လုပ်မိနေတဲ့နေ့ စဉ်အပြုအမူလေးတွေ အများကြီးရှိပါတယ်။အခုအခါမှာတော့ အမေရိကန်လူမျိုး ဆရာဝန်တစ်ယောက်က ပိုးသတ်ဆပ်ပြာတွေ အသုံးပြုခြင်းဟာ သင့် ကျန်းမာရေးကို ထိခိုက်စေနိုင်တယ်လို့ ပြောကြားလိုက်ပါတယ်။

ဈေးကွက်က ဘက်တီးရီးယားပိုးမွှားတွေကို သတ်ပေးနိုင်တယ်ဆိုတဲ့ ဆပ်ပြာတွေဟာ သင့်အရေပြားကို သန့် ရှင်းစေပြီး ဘက်တီးရီယားတွေရန်က ကာကွယ်ပေးနိုင်သလို ခန္ဓာကိုယ်က အနံ့ အသက်ဆိုးတွေကိုလည်း ပယ်ဖျောက်ပေးနိုင်လို့ ကျန်းမာရေးအတွက် မရှိမဖြစ်လိုအပ်တယ်လို့ သင်ထင်ပါလိမ့်မယ်။

ဒါပေမယ့် ဒီဆပ်ပြာတွေကို ပုံမှန်အသုံးပြုခြင်းက သင့်ခန္ဓာကိုယ်ကို ထိခိုက်စေနိုင်ကြောင်း ဆေးပညာကျွမ်းကျင်သူတစ်ဦးက ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ အမေရိကန်နိုင်ငံ၊ Maryland ပြည်နယ်က Digestive Center of Women ကို တည်ထောင်ထားသူ ဆရာဝန် Robynne Chutkan က ဒီ ပိုးသတ်ဆပ်ပြာတွေဟာ ကျွန်တော်တို့ ခန္ဓာကိုယ်မှာ မှီခိုနေတဲ့  အကျိုးပြုဘက်တီးရီးယားတွေကို သတ်ပစ်နိုင်တယ်လို့ ဆိုပါတယ်။

ဒီဆပ်ပြာတွေမှာ အန္တရာယ်ရှိဓာတုပစ္စည်းအချို့ ပါဝင်တာကြောင့် ခန္ဓာကိုယ်မှာ အစက်အပြောက်တွေကို ဖြစ်ပေါ်စေနိုင်တယ်လို့ သူမက ဆိုပါတယ်။ ဒါကြောင့် အော်ဂဲနစ်ပစ္စည်းတွေက ထုတ်လုပ်ထားတဲ့ အနံ့ မပြင်းတဲ့ ဆပ်ပြာတွေကိုသာ သုံးစွဲသင့်ကြောင်း သူမက တိုက်တွန်းပြောကြားခဲ့ပါတယ်။ “ ကျွန်မတို့ တွေ နေ့ တိုင်း ရေချိုးခန်းထဲမှာ ဆပ်ပြာတိုက်နေကြတာက၊ တကယ်တမ်းတော့ ကျွန်မတို့ ခန္ဓာကိုယ်အရေပြားက ၀က်ခြံနဲ့ နှင်းခူတွေကို တိုက်ဖျက်ပေးတဲ့ အကျိုးပြုဘက်တီးရီယားတွေကို သတ်နေကြတာပါပဲ” လို့ သူမက ပြောကြားပါတယ်။

လူတွေရဲ့ခန္ဓာကိုယ်ဟာ နေ့ စဉ်ဆပ်ပြာနဲ့ ဆေးကြောပေးဖို့ မလိုအပ်ဘဲ အများအားဖြင့် ရေနဲ့ တင်ဆေးကြောပေးတာနဲ့ တင် လုံလောက်တယ်လို့ သိရပါတယ်။ “အညစ်အကြေးက ရောဂါတွေကို မဖြစ်စေနိုင်ပါဘူး။ ဒါပေမယ့် ခန္ဓာကိုယ်ရဲ့အကျိုးပြုဘက်တီးရီးယားတွေကို ထပ်ခါထပ်ခါ သတ်နေတာကမှ ကျွန်မတို့ ခန္ဓာကိုယ်ခုခံအားကို ထိခိုက်ပျက်စီးစေတာပါ” ခန္ဓာကိုယ်အရေပြားနဲ့ လက်တွေပေါ်က ပိုးမွှားအများစုဟာ ဆိုးရွားတဲ့ရောဂါ ကူးစက်မှုတွေဖြစ်ရလောက်အောင် ပြင်းထန်ဆိုးရွားတဲ့ပိုးမွှားတွေမဟုတ်ပါဘူး။ သူတို့ လေးတွေက အန္တရာယ်မရှိတဲ့ ဘက်တီးရီးယားလေးတွေပါ” လို့ Dr Chutkan က ရှင်းပြခဲ့ပါတယ်။

အခုလို အအေးမိ၊တုပ်ကွေးဖြစ်တတ်တဲ့ရာသီမျိုးမှာ လက်ကို ခဏခဏဆပ်ပြာနဲ့ ဆေးကြောနေတာမျိုးကို သတိထားသင့်တယ်လို့ ဒေါက်တာက ထပ်လောင်းသတိပေးလိုက်ပါတယ်။လွန်ခဲ့တဲ့နှစ်တုန်းကလည်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အစည်းကြီး (WHO) က ဘက်တီးရီးယားသတ် ဆပ်ပြာတွေဟာ ကုသလို့ မရတဲ့ဘက်တီးရီးယားကူးစက်ရောဂါတွေ ဖြစ်ပွားမှုကို မြင့်တက်စေနေတယ် ဆိုတဲ့ အစီရင်ခံစာတစ်စောင် ထုတ်ပြန်ခဲ့ပါသေးတယ်။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top