iMyanmarHouse.com - Best Property Website for Myanmar
×

 တောင်ကိုရီးယာသရုပ်ဆောင်မင်းသားလီမင်ဟိုပါဝင် ထားသော Ferrero Rocher ချောကလက်ကြော်ငြာသည် ထွက်ရှိပြီး ငါးရက်အတွင်း ယူကျု့ဘ်နှင့်ဖေ့စ်ဘွတ်ခ်တို့၌ အကြိမ်တစ်သန်းခွဲကျော် ကြည့်ရှုခြင်းခံရသည်။

ယင်းကြော်ငြာတွင် ကေဒရာမာကြယ်ပွင့် လီမင်ဟိုက တောင်ကိုရီးယားနိုင်ငံ မြို့တော်ဆိုးလ်မှ အီတလီနိုင်ငံ မြို့တော်ရောမသို့ Ferrero Rocher ချောကလက်ဘူးတစ်ဘူး သယ်ဆောင်သွား သည်ကို တင်ဆက်ထားသည်။ လီမင်ဟိုသည် ရောမမြို့၌ စကူတာကိုစီးပြီး ချောကလက်ဘူးနှင့် ပါတီပွဲတက်ခြင်းကို တင်ဆက်ထား သည်။

လီမင်ဟို၏ ယင်းချောကလက်ကြော်ငြာမှာ အောက်တိုဘာ၁၆ ရက်တွင် စတင်ထွက်ခဲ့ခြင်းဖြစ်ပြီး ငါးရက်အတွင်း ဖေ့စ် ဘွတ်ခ်နှင့်ယူကျု့ဘ်စာမျက်နှာတို့၌ အကြိမ်ပေါင်း တစ်သန်းခွဲကျော် ကြည့်ရှုခံရခြင်းဖြစ်သည်။

Credit : 7 Day Daily

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top