iMyanmarHouse.com - Best Property Website for Myanmar
×

ပျိုမေတွေ တစ်နေ့တာအတွင်းမှာ အဖြစ်များဆုံး အလှအပဆိုင်ရာ မမှားသင့်တဲ့အမှားတွေ လုပ်မိနေတတ်ကြပါတယ်။ ဒီအချက်လေးတွေကို ပြောပြရရင်ဖြင့်

မျက်နှာမသစ်ဘဲ အိပ်ရာဝင်ခြင်း

နေ့ဘက် မိတ်ကပ်လိမ်း မထားရင် အောက်ပါဖော်ပြတဲ့ လေ့အကျင့်ကို လျစ်လျုရှုပြီး အိပ်ရာဝင် လေ့ရှိကြတယ်။ ဒါပေမယ့် တစ်နေ့လုံး သင့်အရေပြားမှာ အညစ်အကြေးမျိုးစုံ ကပ်ပါလာတာ သင်မသိပါဘူး။ မျက်နှာမှာ ဖြစ်ပေါ်တဲ့ တခြားအညစ်အကြေးတွေအပြင် ဒါတွေကို ဆေးကြောသန့်ရှင်းဖို့ လိုအပ်ပါတယ်။ မိတ်ကပ် လိမ်းလိမ်း မလိမ်းလိမ်း ညရောက်တဲ့အခါ မျက်နှာကို သန့်စင်ပေးဖို့ အလွန်အရေးကြီးပါတယ်။

အမြဲတမ်း လက်သည်းဆေးထားဆိုးခြင်း

ကိုယ်ဆိုးထားတဲ့ လက်သည်းပုံစံကို ကြိုက်ကောင်းကြိုက်လာပါလိမ့်မယ်။ သို့သော် တစ်ချိန်လုံးလက်သည်းတွေ ဆေးဆိုးထားတာ လက်သည်းတွေ ကြံ့ခိုင်မှုနည်းစေပြီး ပျက်စီးစေပါတယ်။ တစ်ခါတစ်ခါ လက်သည်းတွေ ဆေးမဆိုးဘဲနေပါ။ လက်သည်းတွေကို အနားပေးရပါမယ်။

မိုးအုံ့တဲ့နေ့ နေပူခံလိမ်းဆေးမသုံးခြင်း

ရာသီဥတု ဘယ်လိုဖြစ်ဖြစ် ကိစ္စမရှိပါ။ အိမ်ထဲမှ အပြင်ထွက်လိုက်ပြီဆိုတာနဲ့ နေပူခံလိမ်းဆေး အမြဲလိမ်းထားသင့်တယ်။ မလိမ်းထားရင် နေရောင်ဆီမှ ခရမ်းလွန်ရောက်ခြည်တွေကို ကာကွယ်မှု မပြုတော့ပါ။ ရေရှည်မှာ အစင်းအကြောင်းကလေးတွေ၊ အမည်းစက်များ၊ အရေပြားရှုံ့တွမှုတွေနဲ့ တခါတလေ အရေပြားကင်ဆာတောင် ပေါ်ပေါက်စေနိုင်တယ်။

Credit: TrendMyanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top