iMyanmarHouse.com - Best Property Website for Myanmar
×


မနက်ခင်း အိပ်ယာနိုးနိုးချင်းမှာပဲ သင့်ကျန်းမာရေးအတွက် လုပ်သင့်တဲ့ အကောင်းဆုံးနည်းလမ်းကတော့ ရေသောက်ခြင်းပါဖြစ်ပါတယ်။ ဒါပေမယ့် ပိုပြီးကောင်းတဲ့ နည်းလမ်းလေးရှိပါသေးတယ်။  အဲ့ဒါကတော့ ရေထဲမှာ သံပုရာသီးနဲ့ ပျားရည်ကို ရောပြီး သောက်သုံးလို့ရတယ် ဆိုတာပါပဲ။

ဒီဖျော်ရည်လေးကို မနက်တိုင်း ရေရှည်သောက်သုံးမယ် ဆိုရင် သင့်ကျန်းမာရေးအတွက် အကျိုးကျေးဇူးတွေ အများကြီး ရနိုင်ပါတယ်။ ဥပမာ ကိုယ်အလေးချိန် လျှော့ချနိုင်ခြင်း၊ ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်ခြင်း၊ စွမ်းအင် မြင့်စေခြင်း၊ ခုခံအား မြင့်တက်စေခြင်း၊ အစာခြေစနစ်ကို ထောက်ပံ့ပေးခြင်း၊ အအေးမိ၊နှာစေး၊ ချောင်းဆိုးခြင်းများကို သက်သာစေခြင်း၊ စတဲ့ ကျန်းမာရေးနဲ့ သက်ဆိုင်တဲ့ ကိစ္စတွေမှာ အထောက်အကူ ပြုပေးနိုင်ပါတယ်။ ဒီဖျော်ရည်လေးကို မနက်တိုင်း မျက်နှာမသစ်ခင် သောက်သုံးနိုင်ဖို့ ကြိုးစားကြည့်လိုက်ပါ။

 ပြုလုပ်ပုံ အဆင့်ဆင့်။

 ဖန်ခွက်ထဲကို ရေကျက်နွေး ထည့်ပါ။

ပျားရည်အနည်းငယ်နဲ့ သံပုရာသီးတစ်ခြမ်းထည့်ပါ။

 ရောမွှေပေးလိုက်လို့ ပျားရည် ရေထဲမှာ အရည်ပျော်သွားပြီ ဆိုရင် သောက်လို့ရပါပြီ။

သတိထားသင့်တာကတော့ ဒီဖျော်ရည်သောက်ပြီး နောက်တစ်နာရီအတွင်းမှာ ကော်ဖီတို့၊ လက်ဘက်ရည်တို့ မသောက်မိဖို့ပါပဲ။

 သေချာ အလေ့အကျင့်လုပ်ကြည့်ပါ။ ကျန်းမာရေးနဲ့ ပတ်သတ်လို့် အကျိုးထူးတာကို လက်တွေ့ သိရမှာပါ။

 Credit : gandawin

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top