iMyanmarHouse.com - Best Property Website for Myanmar
×

ပေါ့ပ်စတားမလေး Ariana Grande ဟာ MAC အလှကုန်ပစ္စည်းအတွက် မော်ဒယ်ဖြစ်လာတယ်လို့ သိရပါတယ်။ သူမဟာ MAC ရဲ့ VIVA Glam နှုတ်ခမ်းနီကိုကြော်ငြာပေးမယ့်  နောက်ဆုံး အဆိုတော်ဖြစ်လာတယ်လို့လည်း သိရပါတယ်။ အသက် ၂၂ နှစ်အရွယ် သူမဟာ ၂၀၁၆ ဇန်နဝါရီလမှာ MAC နဲ့ စတင် ကြော်ငြာမှာဖြစ်ပြီး ရလာတဲ့ အကျိုးအမြတ်အားလုံးဟာ  MAC က ထောက်ပံ့ပေးနေတဲ့ HIV / AIDS ဝေဒနာရှင်တွေအတွက် ရန်ပုံငွေ ဖြစ်လာမယ်လို့ သိရပါတယ်။

Ariana Grande မတိုင်ခင် MAC  အတွက် နာမည်ကျော်အဆိုတော် Miley Cyrus က အဓိက မော်ဒယ်အဖြစ် ပြုလုပ်ပေးခဲ့တယ်လို့လည်း သိရပါတယ်။ ဒီနာမည်ကျော် အလှကုန်ပစ္စည်းဟာ Estee Lauder ရဲ့တံဆိပ်ခွဲဖြစ်ပြီး  Ariana Grande  ကို ကြော်ငြာမော်ဒယ်အဖြစ် ပြုလုပ်စေမယ်လို့ မနေ့မနက်က
 ကြေညာပေးခဲ့ပါတယ်။ သူမဟာ VIVA Glam နှုတ်ခမ်းနီ ပန်းရောင်နဲ့ အနက်ရောင်ကို ကြော်ငြာပေးသွားမှာပါ။ MAC ဟာ အဆိုတော်တွေအတွက်တော့ နှုတ်ခမ်းနီနဲ့ ပါးနီကိုပဲ  ကြော်ငြာခွင့်ပြုပေးထားတယ်လို့လည်း သိရပါတယ်။

" MAC  အတွက် လုပ်ဆောင်ပေးရတာ ဝမ်းသာမိပါတယ်။ ကျွန်မ ကြော်ငြာခွင့်ရမယ့် နှုတ်ခမ်းနီ ၊ ပါးနီလေးတွေကို ဝယ်ယူပေးကြပါ ၊ ဝယ်သမျှ ပိုက်ဆွတွေ အကုန်လုံးကိုလည်း HIV ဝေဒနာရှင်တွေ အတွက် အလှူဖြစ်မှာပါ။ ဒီလို ကြီးကျယ်တဲ့ လုပ်ငန်းကို လုပ်ခွံင့်ရလို့ အရမ်းဂုဏ်ယူမိပါတယ်" လို့ သူမကပြောပါတယ်။  Ariana Grande  ဟာ မကြာသေးမီကလည်း သူမရဲ့  ARI လို့ အမည်ရတဲ့ ပထမဆုံးရေမွှေးကို မိတ်ဆက်ခဲ့တယ်လို့လည်း သိရပါတယ်။

Credit : ThitHtooLwin

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top