iMyanmarHouse.com - Best Property Website for Myanmar
×

အဆိုတော်မလေး Meghan Trainor ဟာ နောက်ဆုံးမှာ တော့ သူမရဲ့ အဆိုတော်ဘ၀ ကို တစ်သက်လုံး စာ ခြောက်လှန့်နိုင်တဲ့ အသံပြွန်ခွဲစိတ်မှုကို အောင်မြင်ခဲ့ပါပြီ။

"Lips Are Movin" ဆိုတဲ့ သီချင်း ရဲ့ အဆိုတော် ဖြစ်သူ အသက် ၂​၁ နှစ်အရွယ် Meghan Trainor ဟာ သူမရဲ့ အသံပိုင်းဆိုင်ရာ ပြသနာတွေဟာ ဖျော်ဖြေရေးကို ပါ ထိခိုက်လာတာကို သိခဲ့တဲ့နောက်မှာ အသံပြွန်ခွဲစိတ်မှု ကို ပြုလုပ်ဖို့ ဆုံးဖြတ်ချက်ချခဲ့တာဖြစ်ပါတယ်။

လွန်ခဲ့တဲ့ ၁လ ကျော်ကပဲ အသံပြွန်ခွဲစိတ်မှုကို ဆောင်ရွက်ခဲ့ပြီးတဲ့နောက်မှာ Trainor ဟာ အခုတော့ လုံးဝ နေပြန်ကောင်းသွားပြီလို့ သိရပါတယ်။

"ခွဲစိတ်ကုသခံရခြင်းဟာ မျက်ခွက်ကို ဖြတ်ရိုက်ခံလိုက်ရသလိုပါပဲ" လို့ Meghan Trainor က People မဂ္ဂဇင်းကို ပြောပြခဲ့ပါတယ်။ "ကျွန်မ ရှေ့လျှောက် စည်းကမ်းကြီးဖို့ လိုပါတယ်။ ပြီးတော့ ဖျားနာခြင်းမဖြစ်အောင်လည်း ကြိုးစားရပါမယ်။ အချိန်ဇယားတွေနဲ့ ပြည့်နေရင်လည်း ကျွန်မ ကြိုးစားရမှာပါ" လို့လည်း သူမက ဆိုပါတယ်။

Meghan Trainor ဟာ ဖျော်ဖြေပွဲပေါင်းမြောက်များစွာကို ခွဲစိတ်မှုအတွက် ပယ်ဖျက်ခဲ့ရပြီးတဲ့နောက်မှာ ပထမဆုံး ပြန်လည် ဖျော်ဖြေတဲ့ ပွဲဦးထွက် အဖြစ် "The Ellen DeGeneres Show" ဆိုတဲ့ အစီအစဉ်မှာ အောက်တိုဘာလ ၁၄ ရက်နေ့က သီဆို ဖျော်ဖြေခဲ့ပါသေးတယ်။

Credit : သစ်ထူးလွင်

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top