iMyanmarHouse.com - Best Property Website for Myanmar
×














မင်္ဂလာဧည့်ခံပွဲများတွင် သီချင်းများ သီဆိုဖျော်ဖြေဖြစ် သော်လည်း ကျန်သည့်အချိန်များ ၌ ဘုရားကျောင်းဘက်တွင်သာ အချိန်ပေးဖြစ်နေ၍ အနုပညာ လှုပ်ရှားမှုများ နည်းသွားရခြင်းဖြစ် သည်ဟု အဆိုတော် ကြိုးကြာက ပြောသည်။

‘‘ဝေးသွားတော့ ဆက်မလုပ် ဖြစ်တော့တာ။ မင်္ဂလာဆောင် တွေ ဘာတွေတော့ ဆိုတယ်။ အဆက်ပြတ်သွားတာတော့ မရှိ ပါဘူး။ ပြန်လုပ်ဖို့တော့ ရှိပါ တယ်’’ဟု ကြိုးကြာက ပြော သည်။
တစ်ကိုယ်တော်အခွေထုတ် ရန် အစီအစဉ်မရှိသော်လည်း သီချင်းတစ်ပုဒ်ချင်းကို အွန်လိုင်းမှဖြန့်ချိပေးရန် အစီအစဉ်ရှိသည်ဟု ၎င်းက ဆိုသည်။

‘‘အချိန်ကတော့ မပြော တတ်သေးဘူး။ သီချင်းကတော့ ဆိုနေကျပုံစံ၊ ပရိသတ်တွေကြိုက် လောက်မယ့် သီချင်းတွေလုပ်ဖြစ် မှာပါ’’ဟု ကြိုးကြာက ဆက်လက် ပြောသည်။
လက်ရှိတွင် အနုပညာလှုပ် ရှားမှုများထက် ဘုရားတရား ဘက်ကိုသာ အချိန်ပေးလုပ်ဖြစ် နေသည်ဟု ၎င်းက ပြောသည်။

‘‘ပရိသတ်တွေကို အရမ်း အားနာပါတယ်။ ပြောထားတာ လည်းကြာပြီ။ မထွက်ဖြစ်တာ တွေ၊ ကိုယ်တာဝန်မကျေတဲ့အရာ တွေအတွက် တောင်းပန်ပါတယ်’’ ဟု ကြိုးကြာက ပြောကြားသည်။
ယခင်က အကအဖွဲ့တစ်ဖွဲ့ တွင် ပါဝင်ကပြဖြစ်သော်လည်း အပျော်အနေဖြင့်သာ ကပြခြင်း ဖြစ်၍  လက်ရှိတွင် မကဖြစ်တော့ကြောင်း ၎င်းက ဆိုသည်။
‘‘အခွေမထွက်ဖြစ်တော့တာ က ကိုယ်တစ်ယောက်တည်းလုပ် ရတာဆိုတော့ မလုပ်နိုင်တော့လို့ ပါ’’ဟု ကြိုးကြာက အခွေမထွက် ဖြစ်သည့်အကြောင်း ပြောကြားသည်။

Credit : 7Day Daily

 ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top