iMyanmarHouse.com - Best Property Website for Myanmar
×









ဘ၀မှာ အချစ်ကြောင့် နာကျင်မှုဝေဒနာကို ခံစားဖူးသွားပြီဆိုရင် နောက်တစ်ခါကို ချစ်တဲ့အခါ ဘယ်လိုအရာတွေ မျှော်လင့်သင့်တယ်၊ ဘယ်လိုအရာမျိုးဆိုရင် သူဝမ်းနည်းလိမ့်မယ် ဆိုတာမျိုးတွေ သိသွားပါပြီ။ အတွေ့အကြုံရှိသွားတယ်လို့ ဆိုနိုင်သလို တစ်ဖက်လူကို ဘယ်လိုအရာမျိုးတွေက နာကျင်စေတတ်သလဲဆိုတာကိုပါ သူတို့ နားလည်သွားကြပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ်ကခံခဲ့ရဖူးတာကိုး။ ဒီလို ခံခဲ့ရဖူးတဲ့သူ၊ နာကျင်ခဲ့ရဖူးသူ က အချစ်ကြောင့် ဘာမှမခံစားခဲ့ရဖူးသူနဲ့ ဖူးစာဆုံတဲ့အခါ နည်းနည်း ပြသနာရှိသွားပါပြီ။ အဲ့ဒီမှာ မတူညီမှုတွေ ဖြေရှင်းဖို့ ဖြစ်လာတော့တာပါပဲ။ ဘာဖြစ်လို့လဲဆိုတော့

 ၁။သင့်ချစ်သူဟာ ပုံပြင်၊ ဇာတ်လမ်းတွေထဲက အချစ်ရေးဟာ လုံးဝပျော်ရွှင်စရာတွေချည်း စုစည်းထားတယ်လို့ မျှော်လင့်ထားပါလိမ့်မယ်။

သူ့စိတ်ထဲမှာ သင့်ကိုလည်း ပြီးပြည့်စုံတဲ့လူတစ်ယောက်လို့ မျှော်လင့်ထားနိုင်သလို သင်တို့နှစ်ဦးကြားက အချစ်ရေးဟာလည်း ရုပ်ရှင်ဇာတ်လမ်းတွေထဲကလို ရိုမန်တစ်ဆန်ဆန်နဲ့ ကွဲလွဲမှု၊ ခြားနားမှု အလျှဉ်းမရှိနိုင်ဘူးလို့ ထင်နေလို့ပါပဲ။ ဒါကတကယ်တော့ မှားယွင်းတယ်ဆိုတာ သူမသိပါဘူး။ အထူးသဖြင့် သူဟာ အရင်တုန်းက အချစ်ကြောင့် မနာကျင်ခဲ့ရဘူး ဆိုရင်ပေါ့။ ပြီးပြည့်စုံဖို့ချည်း သူက မျှော်လင့်နေပါလိမ့်မယ်။

၂။သင့်ရဲ့ အပြစ်တွေ၊ အမှားတွေ သူမြင်တွေ့လာရတဲ့အခါ သင့်ကို စွန့်ခွာချင်စိတ် ဖြစ်လာတတ်ပါတယ်။

ဘယ်သူမဆို အမှားတွေ၊ အပြစ်တွေနဲ့ မကင်းပါဘူး။ သူ့စိတ်ထဲမှာ သင့်ကို ပြီးပြည့်စုံတဲ့သူလို့ ထင်ထးတာကြောင့် သင်ဟာ အမှားတစ်ခုမလုပ်လိုက်နဲ့။ သင့်ကို တန်းပြီး စိတ်ကုန်သွားနိုင်ပါတယ်။ အဲ့ဒီနောက်တော့ သူမျှော်လင့်ချက် ကြီးကြီး ထားနိုင်တဲ့သူကို ပြောင်းချစ်ဖို့လည်း ကြိုးစားနိုင်ပါတယ်။

 ၃။သူ့ကိုလည်း မျှော်လင့်ချက်အကြီးကြီးတွေ သင်ထားတာ ခံချင်ပါတယ်။

သင်က ဘ၀မှာ နာကျင်စရာကောင်းတဲ့အရာတွေအတွက် သင်ခန်းစာရထားသူမို့ လူတိုင်းကို ပြီးပြည့်စုံမှုရှိရမယ်လို့ မတွေးပါဘူး။ ဒီတော့ သင့်ချစ်သူကိုလည်း မတွေးပါဘူး။ တစ်ဖက်လူရဲ့ ဖြစ်တည်မှုကို လက်ခံပြီး တွန်းအားပေးတာမျိုးတွေ မလုပ်တာကြောင့် သူက အံ့သြတာမျိုးတွေ ဖြစ်တတ်ပါတယ်။ ဘာကြောင့်များ သူ့အပေါ် ဖိအားမပေးတာလဲဆိုပြီးတော့ပေါ့လေ။

၎။သူက သိပ်ဂရုစိုက်တတ်တဲ့လူတော့ မဟုတ်ဘူးဆိုတာ သင် သိလာမယ်။

အသဲကွဲဖူးတဲ့ သူတွေဟာ နောက်တစ်ယောက်နဲပ ဒိတ်လုပ်တဲ့အခါ ပိုပြီး သတိထားစရာတွေကို နားလည်သွားပါတယ်။ အရင်တစ်ခါက ကိုယ်လုပ်ခဲ့တဲ့ အမှားမျိုးက တစ်ဖက်လူ ဘယ်လိုနာကျင်သွားသလဲဆိုတာကို သိပြီး ဒီတစ်ခါတော့ ရှောင်မယ်ဆိုတာမျိုး သင့်စိတ်ထဲ ရှိနိုင်ပါတယ်။ ဒါပေမယ့် သူကတော့ အရင်က ဒီလို မနာကျင်ဖူးတာကြောင့် သင့်ကို သူအနိုင်ယူမိနေလား၊ ဆိုးနွဲ့တာတော်တော်လွန်နေပြီလား ဆိုတာတွေကို ဂရုစိုက်မှာ မဟုတ်ပါဘူး။ သူလုပ်လိုက်တဲ့အရာက သင့်အတွက် နာကျင်စရာလားဆိုတာလည်း တွေးမှာ မဟုတ်ပါဘူး။

၅။လျှစ်လျူရှုတာမျိုးတွေ သူက လုပ်ကောင်းလုပ်လာပါလိမ့်မယ်။

တစ်ဖက်လူရဲ့ အပြုအမူကို မကြိုက်တဲ့အခါ ဖွင့်ပြောတာမျိုး လုပ်မနေတော့ပဲ လျစ်လျူရှုလိုက်တာမျိုးတွေ လုပ်ကောင်းလုပ်နိုင်ပါတယ်။ လျစ်လျူရှုလိုက်ခြင်းဟာ နှစ်ဦးသားကြားက ဆက်ဆံရေး ပျက်ပြားစေဖို့အတွက် ဘယ်လောက်အဓိက ကျတယ်ဆိုတာမျိုးလည်း သူနားလည်ချင်မှ နားလည်မှာပါ။ တစ်ခါတစ်လေ သူငယ်ချင်းတွေနဲ့ သူအပြင်သွားတဲ့အခါ ဖုန်းခေါ်ဖို့ မေ့နေတယ်။ အပြင်သွားမယ်ဆိုတာမျိုးလည်း သင့်ကို အသိပေးချင်မှပေးမယ်။ တစ်ပတ်လောက် ဖုန်းမခေါ်ပဲ ထားထားမယ်။ ဒီလိုမျိုးတွေ ပြုမူလာလို့ သူ့ကို ဒါမျိုးမလုပ်ဖို့ ပြောတဲ့အခါမှာလည်း သူက ဒါအရေးမကြီးသလို ပြန်ပြောလာနိုင်ပါတယ်။

Credit :Trend Myanmar

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top