iMyanmarHouse.com - Best Property Website for Myanmar
×













 တောင်ကိုရီးယားကျော် ကြားသူစုံတွဲတစ်ပွဲဖြစ်သော ရိန်း နှင့်ကင်ထယ်ဟီးတို့စုံတွဲက ဒီဇင်ဘာ ၂၄ ရက်တွင် လက်ထပ်မည်ဟူသောသတင်းကို နိုဝင်ဘာ ၂၀ ရက်က ငြင်းဆိုလိုက်သည်။

ရိန်းတို့စုံတွဲ လက်ထပ်တော့ မည်ဟု     လစဉ်ထုတ်မဂ္ဂဇင်း Woman Sense က နိုဝင်ဘာ ၂၀ ရက်တွင်ဖော်ပြခဲ့သည်။ ရိန်းနှင့် ကင်ထယ်ဟီးတို့သည် ဒီဇင်ဘာ ၂၄ ရက်တွင် ဆိုးလ်မြို့မှဝေးရာ တစ်နေရာ၌ လက်ထပ်မည်ဟု ယင်းမဂ္ဂဇင်းကဖော်ပြခဲ့သည်။

သို့ရာတွင် ကင်ထယ်ဟီး၏ အေဂျင်စီနှင့် ရိန်း၏အေဂျင်စီတို့ က ယင်းသတင်းများမှာ ကောလာဟလသတင်းများသာဖြစ်သည်ဟု နိုဝင်ဘာ ၂၀ ရက်တွင် ဖြေရှင်းချက်ထုတ်ပြန်ခဲ့သည်။

ကိုရီးယားနာမည်ကျော် သရုပ်ဆောင်များဖြစ်သော ရိန်း နှင့်ကင်ထယ်ဟီးတို့သည် ၎င်းတို့ ချစ်ကြိုက်နေကြောင်း ၂၀၁၃ ဇန်နဝါရီတွင် တရားဝင်အတည်ပြုခဲ့ကြသည်။

Credit: 7 Day Daily


ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top