iMyanmarHouse.com - Best Property Website for Myanmar
×

ကိုယ့်အလုပ်ရှင်၊ သူဌေးရဲ့အမြင်မှာ ကိုယ်ဟာ အလုပ်ကြိုးစားတဲ့သူ၊ ရုံးကနေ နောက်ကျမှ အိမ်ပြန်ပြီး လုပ်ရမယ့်အလုပ်တာဝန်တွေကိုလည်း ကျေပွန်စွာ ထမ်ေးဆာင်နိုင်သူတစ်ယောက်ဆိုရင် သင်ဟာ ရာထူးတက်ဖို့၊ လစာတိုးဖို့ဆိုတာ သေချာသလောက်ရှိနေပါပြီ။ နောက်ထပ် အလုပ်အကိုင်အခွင့်အလမ်းတွေ ဆိုတာလည်း သင့်ဆီမှာ များပြားလာပါလိမ့်မယ်။ ဒါပေမယ့် ခုပြောနေတာတွေက အကြမ်းဖျင်းသဘောပါ။ ဒီတော့ အလုပ်ရှင် သဘောကျဖို့၊ ကိုယ့်အထက်အရာရှိ၊ သူဌေးသဘောကျဖို့ ကိုယ်အနေနဲ့ ကြိုးစားကြည့်နိုင်တာတွေက

၁။သင့်သူဌေး (သို့) အထက်အရာရှိရဲ့ပုံစံငယ်ဖြစ်အောင် သင့်ကိုယ်သင် ပုံသွင်းပါ။ ပြုမူလုပ်ဆောင်ပါ။

ကိုယ့်အထက်အရာရှိရဲ့ လုပ်ငန်းခွင်မှာ လုပ်ဆောင်ပုံကို ကြည့်ပြီး သူဘယ်လိုပြုမူလုပ်ဆောင်တတ်တယ်၊ ဘယ်လောက်ထိ တိကျမှုရှိတယ် အားလုံးကို သူ့ဆီက သင်ယူနိုင်သမျှ သင်ယူပါ။ ဥပမာ သူအီးမေးလ်ပို့တာကအစ ဘယ်လိုမျိုးပို့တတ်သလဲ၊ သိပ်စာအရှည်ကြီးရေးလေ့မရှိပဲ တိုတိုတုတ်တုတ်နဲ့ ထိရောက်အောင် ရေးလေ့ရှိသလား။ သူဟာ ဘယ်အချိန်ရုံးရောက်အောင် လာတတ်ပြီး ဘာတွေစတင် လုပ်ဆောင်လေ့ရှိသလဲ။ စတာတွေအားလုံးကို သိထားအောင်လုပ်ပြီး ကိုယ်လည်း သူ့လိုလူမျိုးဖြစ်အောင် ကြိုးစားမယ်ဆိုရင် သူ့စိတ်ထဲမှာ ကိုယ်ဟာ သူနဲ့တစ်ပုံစံတည်းပါလားလို့ ယုံကြည်မှုရှိလာပါလိမ့်မယ်။ ဒါဟာကောင်းတဲ့အချက်ပါပဲ။

၂။တတ်နိုင်သလောက် သူ့ဘက်က ရှိပါစေ။

အပြင်လူနဲ့ ဆုံတဲ့အခါ သူ့မကောင်းကြောင်းပြောတာမျိုးဟာ တစ်နေ့နေ့တစ်ချိန်ချိန်မှာ သူပြန်သိသွားနိုင်ပါတယ်။ ကိုယ်လေးစားအားကျရတဲ့သူရဲ့ မကောင်းသတင်းဖြန့်တာမျိုး မဖြစ်ရအောင် ကြိုးစားဖို့လိုပါတယ်။ ဒါ့အပြင် အလုပ်အတွက် လျှို့ဝှက်ထားရမယ့်အရာတွေကို လျှို့ဝှက်ပါ။ ပါးစပ်မဖွာပါနဲ့။ ကြည့်လိုက်တာနဲ့ တည်တည်ကြည်ကြည်နဲ့ သတိကြီးတဲ့သူတစ်ယောက်အဖြစ် ပေါ်လွင်နေပါစေ။

၃။တကယ်လို့ သင့်အထက်အရာရှိမှာ သူ့ထက် ရာထူးကြီးတဲ့သူရှိနေရင် သင့်အထက်အရာရှိ နာမည်ရအောင် သင်ကြိုးစားပေးပါ။

သင့်အထက်အရာရှိရဲ့ အလုပ်တွေ ပြီးမြောက်ဖို့အတွက် သင့်ဘက်က ကူညီနိုင်သလောက် ကူညီပေးပါ။ သူနာမည်ကောင်း ရပြီဆိုရင် သင့်အတွက်လည်း သူပြန်ကြည့်ပေးပါလိမ့်မယ်။ ဥပမာ လုပ်ငန်းနဲ့ပတ်သက်တဲ့ အစည်းအဝေးတစ်ခုကို တနင်္လာနေ့တိုင်း လုပ်ကြတယ်၊ အဲ့ဒီမှာ သင့်အထက်အရာရှိကလည်း သူ့အမြင်တွေ၊ သုံးသပ်ချက်တွေ တင်ပြရတယ်ဆိုရင် သင့်ဘက်က တင်္နလာနေ့မနက်စောစောမှာ လုပ်ငန်းခွင်နဲ့ပတ်သက်တဲ့ အတွေ့အကြုံ၊ သုံးသပ်ချက်တွေ သူ့ကို စဉ်းစားပြီး တင်ပြပေးလိုက်ပါ။ အကြံဥာဏ်တွေ ပေးပါ။ ဒါဆို အစည်းအဝေးအတွက် သင့်အကူအညီနဲ့ သူ ပြီးမြောက်ကောင်းမွန်အောင် ဆောင်ရွက် သွားနိုင်ပါလိမ့်မယ်။ တခြား နည်းတွေလည်း ရှိပါသေးတယ်။

၎။သူချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့သာ အလုပ်တွေပြီးမြောက်အောင် လုပ်ဆောင်ပါ။

လုပ်ငန်းခွင်အတွက် ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေအတိုင်း မဟုတ်ပဲ ကိုယ့်စိတ်ကြိုက်လုပ်ဆောင်လုပ်မယ်ဆိုရင်လည်း အလုပ်ပြီးမြောက်ကောင်း ပြီးမြောက်နိုင်ပါတယ်။ ဒါပေမယ့် ကိုယ့်ရဲ့အထက်အရာရှိကတော့ သူချမှတ်ထားတဲ့ စည်းမျဉ်းအတိုင်း လုပ်ဆောင်ပြီး အလုပ်တွေ အဆင်ပြေအောင်မြင်တာ မြင်ချင်ပါလိမ့်မယ်။ ဒါကို မမေ့ပါနဲ့။

၅။နိုး လို့ငြင်းခါနီးတိုင်း ကိုယ်တကယ်မလုပ်နိုင်တာလားဆိုတာ စဉ်းစားပါ။

တစ်ခါတစ်လေ ကိုယ့်အထက်အရာရှိ၊ အလုပ်ရှင်က ကိုယ်လုပ်နေကျအလုပ်တွေထက် ပိုခက်တဲ့ဟာတွေ၊ ဒါမှမဟုတ် အလုပ်တွေ ပိုခိုင်းတာမျိုး ရှိတတ်ပါတယ်။ ဒါဟာ တစ်ခါတစ်လေ ကိုယ့်အရည်းအချင်းကို စစ်နေတာဆိုတာ မမေ့ပါနဲ့။ သင်သာ တကယ်လုပ်ပြနိုင်ရင် သင့်ကို သူတို့ပိုယုံကြည်သွားပါလိမ့်မယ်။ ဒါ့ကြောင့် ကိုယ်တကယ်မလုပ်နိုင်ဘူး ထင်တဲ့အရာတွေကိုသာ ငြင်းပါ။ တတ်နိုင်သမျှတော့ ကြိုးစားလုပ်ဆောင်ကြည့်ဖို့သာ တွေးပါ။

Credit :Trend Myanmar

ဤစာဖတ်သူများအားလုံးစိတ်ဓာတ်ခွန်အားတွေရရှိနိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top