iMyanmarHouse.com - Best Property Website for Myanmar
×

လက်ထပ်ပြီး ဇနီးမောင်နှံများသည် တစ်ကိုယ်တည်းသမား များထက် ခန္ဓာကိုယ် ညွှန်းကိန်း ပိုမြင့်ကြောင်း လေ့လာမှုများအရ သိရသည်။
လက်ထပ်ပြီး စုံတွဲများသည် တစ်ကိုယ်တည်း သမားများထက် အာဟာရ မျှမျှတတ စားသုံးတတ်ကြသော်လည်း ကိုယ်လက်လှုပ်ရှားမှု နည်းသွားသဖြင့် ကိုယ်အလေးချိန်မှာ ပိုတက်လာကြောင်း လေ့လာမှု စစ်တမ်းက ဆိုသည်။

ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး၏ သတ်မှတ်ချက်အရ ပုံမှန် ခန္ဓာကိုယ်ညွှန်းကိန်းမှာ (၁၈ ဒသမ ၅) မှ (၂၅) အတွင်းဖြစ်သည်။
(၂၅) မှ (၃၀) ထိကို ၀သည်ဟု သတ်မှတ်ထားပြီး (၃၀) အထက်ဆိုလျှင် အ၀လွန်သည်ဟု သတ်မှတ်သည်။

ယခု လေ့လာမှုတွင် ပါဝင်သော တစ်ကိုယ်တည်းသမား တစ်ယောက်၏ ပျှမ်းမျှ ခန္ဓာကိုယ်ညွှန်းကိန်းမှာ (၂၅ ဒသမ ၇) ရှိပြီး အိမ်ထောင်ရှင် အမျိုးသား တစ်ယောက်မှာ (၂၆ ဒသမ ၃) ထိ ရှိနေကြောင်း တွေ့ရသည်။ တစ်ကိုယ်တည်း အမျိုးသမီးများမှာ (၂၅ ဒသမ ၁) ရှိပြီး အိမ်ထောင်ရှင် အမျိုးသမီး တစ်ယောက်အတွက် ခန္ဓာကိုယ်ညွှန်းကိန်းမှာ (၂၅ ဒသမ ၆) ထိ ရှိနေသည်။

လေ့လာသုတေသနကို ဆွစ်ဇာလန်နိုင်ငံ၊ ဘတ်ဆယ်မြို့တက္ကသိုလ်မှ သုတေသနအဖွဲ့က ပြုလုပ်ခြင်း ဖြစ်သည်။

Credit : messenger news journal

 ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top