iMyanmarHouse.com - Best Property Website for Myanmar
×

မိဘအများစုဟာ ကလေးတွေ လုံလုံခြုံခြုံထားဖို့ မုသားအနည်းအကျဉ်းတော့ ဆိုကြစမြဲ ဖြစ်ပါတယ်။ မိသားစုထဲမှာ သေဆုံးမှု သို့မဟုတ် အိမ်ထောင်ကွာရှင်းမှု ကဲ့သို့ ကြီးမားတဲ့ အကြောင်းအရာတွေအပေါ် မိဘတွေ လိမ်လည်ပြောဆိုတဲ့အခါ ပြသနာ ဖြစ်လာပါတယ်။ လိမ်ညာခြင်းဖြင့် ကလေးတွေ စိတ်ချမ်းသာသွားစေဖို့ ကျွန်ုပ်တို့လုပ်တတ်ကြပါတယ်။ တကယ်တော့ ဒါဟာ သူတို့စိတ်ခံစားချက် တိုးတက်ကောင်းမွန်လာစေဖို့ ကျွန်ုပ်တို့ ပိတ်ပင်နေကြတာပါ။ ကလေးတွေနဲ့ ကျွန်ုပ်တို့ကြား ယုံကြည်မှု၊ ဆက်ဆံပြောဆိုနိုင်မှုကို တည်ဆောက်ဖို့ အခွင့်အရေးကို လက်လွတ်ဆုံးရှုံးနေတာ ဖြစ်ပါတယ်။

ဒီတော့ ဘယ်ချိန်မှာ အမှန်တရားပြောသင့်လဲ။ ဘယ်ချိန်မှာ မုသားဆို သင့်လဲဆိုတာ ကြည့်လိုက်ကြရအောင်။

၁။ ကွယ်လွန်ခြင်း
ကလေးတွေကို အသက်အရွယ်နဲ့လိုက်ပြီး အမှန်တရား ပြောဆိုတာ ပိုမိုကောင်းမွန်ပါတယ်။

၂။ ကလေးတွေ ဘယ်လို ဖြစ်လာကြတယ်ဆိုတာ
အကြောင်းအရာကို ရှောင်လွဲခြင်းက လိင်ကိစ္စနဲ့ပတ်သက်ပြီး ရှုပ်ထွေးပြီး အနုတ်လက္ခဏာဆောင်တဲ့ အမြင်တွေ ပိုဖြစ်စေတတ်ပါတယ်။

အဲဒီလိုပြောဆိုတဲ့အခါ မိမိရဲ့ စကားပြောဆိုမှုက ခန္ဓာဗေဒဘက်ကို မဖြစ်ရပါဘူး။ မိခင်ဗိုက်ထဲ ဥလေးတစ်လုံး ကြီးထွားလာတယ်ဟု အသေးအဖွဲဖြင့် စပြောပါ။ နောက် ကလေးကြီးလာပြီး ပိုမိုရင့်ကျက်လာတဲ့အခါမှာ ပိုမို အသေးစိတ် အချက်အလက်တွေ ပေးနိုင်ပါတယ်။

၃။ အိမ်ထောင်ကွာရှင်းခြင်း
ကလေးတွေက ကျွန်ုပ်တို့ ထင်ထားတာထက် အကင်းပါးကြပါတယ်။ နောက်ပြီး မိဘတွေ တစ်ခုခု ဖြစ်တဲ့အခါ အလွယ်တကူ သတိပြုကြပါတယ်။ ဒါ့ကြောင့် မိဘတွေအနေနဲ့ မိမိနဲ့ မိမိလက်တွဲဖော် တစ်ဦးကိုတစ်ဦး ချစ်နေကြသေးကြောင်း ပြောဆိုဖို့ ကြိုးစားရင် သူတို့ သင့်ကို ယုံကြည်မှု မရှိဖို့ အလားအလာ ပိုများပါတယ်။ အဲဒီအခါ သူတို့ကို သင်တို့နှစ်ဦး တစ်နေ့နေ့ တစ်ချိန်ချိန် ပြန်လက်တွဲဖို့ ယုံကြည်မှုအမှားကို ရရှိစေနိုင်ပါတယ်။

၎။ မိဘမဲ့ဖြစ်ခြင်း
မိမိလက်တွဲဖော်က မိသားစုကို ပစ်ထားခဲ့တယ်ဆိုရင် သူ/သူမက မိမိအဖို့ သေနေတာလို့ပဲ ဆိုကောင်းဆိုနိုင်ပါတယ်။ ဒါပေမယ့် ဒါက ကလေးတွေ အမေ သို့မဟုတ် အဖေ ဘယ်မှာလဲ မေးတဲ့အခါမှာ သင့်ကလေးတွေကို ပြောပြသင့်တဲ့ အရာတော့ မဟုတ်ပါဘူး။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top