အမျိုးသမီးတွေဟာ အသက်အရွယ်ရလာတာနဲ့ အမျှ သူတို့ရဲ့ သန္ဓေအောင်နှုန်း
ကျလာတတ်ပါတယ်။ ခေတ်သစ်ရဲ့ ဖိအားတွေအောက်မှာ အမျိုးသမီးတွေဟာ
မိခင်တစ်ယောက်ဖြစ်လာဖို့ကို နောက်ကျနေကြပါတယ်။ ကိုယ့်ရဲ့ အလုပ်အကိုင်၊
ဘဏ္ဍာရေး ဖိအားတွေပေါ် အာရုံစိုက်နေကြရင်းနဲ့ပေါ့။
ဆုံးဖြတ်ဖို့ဆိုတာ ခက်ခဲပေမဲ့၊ အသက်ပိုကြီးတဲ့ အမျိုးသမီးတွေအတွက်
မျှော်လင့်ချက်ရောင်ခြည်သန်းခဲ့ပါပြီ။ အသက် ၂၅နှစ်ကနေ အသက် ၃၅နှစ်အတွင်းမှာ
ကလေးစမွေးတဲ့ အမျိုးသမီးတွေဟာ အသက် ၄၀ကျော်လာတဲ့အချိန်မှာ
ပိုပြီးကျန်းမာကြတယ်ဆိုတဲ့ လေ့လာမှုသစ်တစ်ရပ် ထွက်ပေါ်လို့ လာလို့ပါပဲ။
အသက် ၁၅နှစ်ကနေ အသက် ၂၄နှစ် အတွင်းမှာ ကလေးစမွေးတဲ့
အမျိုးသမီးတွေအနေနဲ့ကတော့ သက်လတ်ပိုင်းမှာ ကျန်းမာရေး မကောင်းတတ်ကြပါဘူး။
ဆက်လက်လေ့လာတဲ့အခါမှာ ဆယ်ကျော်သက် မိခင်တွေနဲ့ အသက် ၂၀ကျော်
အစောပိုင်းကာလတွေမှာ ပထမဆုံးအကြိမ် ကလေးမွေးတဲ့ မိခင်တွေရဲ့
ကျန်းမာရေးကတော့ ကွာခြားမှုမရှိဘူးလို့ ဆိုထားပါတယ်။
ဒီလေ့လာမှုဟာ ကလေးစမွေးတဲ့ အသက်အရွယ်နဲ့ ဆယ်စုနှစ်အကြာ ကျန်းမာရေးအကြား
ဆက်စပ်မှုကို လေ့လာတဲ့ ပထမဆုံးအမေရိကန်နိုင်ငံမှ လေ့လာမှုဖြစ်ပါတယ်။
အမေရိကန်မှာ အသက် ၂၀ကနေ ၂၄နှစ်ကြားကလေးစမွေးတဲ့မိခင် အရေအတွက်ဟာ
သုံးပုံတစ်ပုံရှိကြောင်း National Vital Statistics ကနေ မကြာသေးမီက
ထုတ်ပြန်ခဲ့ပါတယ်။
Credit : ThitHtooLwin
ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
Home
»
ကျန်းမာရေး
»
ဗဟုသုတ
» အသက် ၂၅နှစ်မှ ၃၅နှစ်အတွင်း ကလေးစမွေးသူတွေဟာ ၄၀ကျော်ချိန်တွင် ပိုကျန်းမာ
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။