iMyanmarHouse.com - Best Property Website for Myanmar
×

ပြုံးပါ။
သင့် နှုတ်ခမ်းထောင့်စွန်းနှစ်ခုကို အပေါ်သို့ ကွေးညွတ်လာတဲ့ အထိ ပြုံးပါ။ မျက်နှာသွင်ပြင်ပြောင်းတာနဲ့ စိတ်ခံစားချက်ပါ ပြောင်းလဲ သွားပါမယ်။

ဝယ်လို့လည်းမရ၊ တောင်းလို့လည်းမရ၊ ချေးငှားလို့လည်းမရ၊ ခိုးလို့လည်း မရနိုင်တဲ့ စစ်မှန်တဲ့ ပြုံးရယ်ခြင်းဟာ မောပန်းနွမ်းနယ်ခြင်း၊ စိတ်အားငယ် ဝမ်နည်းနေခြင်းကို သက်သာပျောက်ကင်းစေပါတယ်။

စစ်မှန်တဲ့ အပြုံးက မျက်ထောင့်မှာ အရစ်ကြောင်းတွေပေါ်လာပြီး
နှုတ်ခမ်းထောင့် နှစ်ခု အပေါ်ကိုကွေးတက်သွားတယ်။ ပါးပြင် ကြွလာတယ်။
ဒီ့ထက်ပိုရင်တော့ သွား၃၂ချောင်းလုံးပေါ်လာမယ်။ အဲလို အပြုံးမျိုးက

မြင်ရသူကို အမောပြေစေတယ်။ အားငယ်သူကို အားတက်စေတယ်။ ဝမ်းနည်းသူကို ဝမ်းသာစေတယ်။ မိတ်ဆွေသူငယ်ချင်းနဲ့ လုပ်ငန်းခွင် ဝင်သူ၊ ချစ်သူအချင်းချင်းကြား ချစ်ခင်ရင်းနှီးမှုကို တိုးစေတယ်။ လူချစ်လူခင်ပေါစေတယ်။ လုပ်ငန်းအဆင်ပြေစေတယ် စတဲ့ အကျိုးတွေ များလွန်းပါတယ်။

ရန်သူနဲ့ဆုံလည်း ပြုံးနိုင်အောင်ကြိုးစားပါ။တိုက်ခိုက်နေတဲ့သူကိုလည်း ပြုံးပြလိုက်ပါ။စိတ်ညစ်တဲ့အခါလည်း
 ပြုံးပါ။ ပြုံးကို ပြုံးလိုက်ပါ။ အပြုံးဖြင့် သင် အရာအားလုံးကို အောင်နိုင်ပါစေ။

Credit : နိုင်းနိုင်းစနေ

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top