iMyanmarHouse.com - Best Property Website for Myanmar
×

ကိုယ့်ချစ်သူထံကို စာလေးတစ်စောင်လောက် ရေးပြီးပို့လိုက်ခြင်းဟာ ဘယ်လောက်ထိ ကဗျာဆန်သလဲဆိုတာ၊ သင်တို့ရဲ့ အချစ်ရေးကို ဘယ်လောက်ထိ လှုပ်ခတ်သွားစေနိုင်သလဲဆိုတာ သင်မသိနိုင်ပါဘူး။ ဒီအရာဟာ သင့်ချစ်သူကောင်လေးကို သင်သူ့အပေါ် ဘယ်လောက်သံယောဇဉ် ကြီးကြောင်းသာမက သင်တို့နှစ်ဦးကို ပိုမိုရင်းနှီးသွားစေနိုင်ပါတယ်။

ဘာ့ကြောင့်များ အချစ်စာလေးတွေ ရေးပြီး ပို့သင့်တာလဲ ကြည့်ကြရအောင်။
စာလေးတွေရေးပြီး ကိုယ့်ချစ်သူဆီ ပို့ခြင်းဟာ အားလပ်ရက်နဲ့ သူ့မွေးနေ့မှာမှ လုပ်ပေးသင့်တာမျိုး မဟုတ်ပါဘူး။ နှစ်တစ်နှစ်ရဲ့ ဘယ်အချိန်မျိုးမှာမဆို သင့်ချစ်သူကတော့ သင့်ဆီက အချစ်စာလေးတွေ ဖတ်ရတာ ပျော်မှာပါပဲ။ ကိုယ်ချစ်သူဆီက အချစ်စာလေးတွေ ဖောက်ဖတ်ရတာ ရင်မခုန်တဲ့သူ ဘယ်သူရှိမှာလဲ။ ဒါ့အပြင် အချစ်စာလေးတွေဟာ အချစ်ရဲ့သင်္ကေတလေးတွေလည်း ဖြစ်နေပြန်ရော။ အနည်းဆုံးတစ်ဖက်လူက ကိုယ့်ဆီစာထည့်ဖို့ ချစ်စရာကောင်းတဲ့ စာရွက်လေးတွေ ရှာရမယ်၊ လက်ရေးလှလှလေးနဲ့ ရေးပို့ချင်လိမ့်မယ်။ စာအိတ်လှလှလေးနဲ့ပို့ပေးချင်လိမ့်မယ်။ အားထုတ်မှုတွေကလည်း အများကြီးလေ။ကဲ ကိုယ့်ချစ်သူဆီ ပို့နိုင်တဲ့ အချစ်စာ အမျိုးအစား ဘယ်နှစ်မျိုး ရှိမလဲ ကြည့်ရအောင်။

၁။ သူမရှိပဲ မနေနိုင်ဘူးဆိုတဲ့ အချစ်စာမျိုး။
သင် သူ့ကို ဘယ်လောက်ချစ်သလဲဆိုတဲ့ စာမျိုးပါ။ သူ့ကြောင့် သင်ဘယ်လိုခံစားလာရတယ်။ သင့်ဘ၀လေး ဘယ်လိုပျော်ရွှင်စိတ်ချမ်းမြေ့ဖွယ်ဖြစ်လာတယ်။ သင်သူ့ကို ဘာ့ကြောင့် လိုအပ်တယ် စတာတွေကို ၀န်ခံရေးသားထားတဲ့ စာမျိုးပါ။ ဒီစာမျိုးဆိုရင်တော့ သူမရှိရင် သင်ဘယ်လိုလွမ်းကြောင်း၊ သူ့အထိအတွေ့တွေကို ဘယ်လိုလွမ်းဆွတ်ကြောင်း၊ သူနဲ့သွားခဲ့တဲ့နေရာလေးတွေ၊ သူကြောင့် သင်ရရှိခဲ့တဲ့ အမှတ်တရတွေအကြောင်းတွေနဲ့ အဆုံးသတ်သင့်ပါတယ်။

၂။ နှစ်ဦးသား အနာဂတ်အတွက် ရေးတဲ့ အချစ်စာမျိုး။
ဒီစာမျိုးမှာတော့ သင်တို့နှစ်ဦးရဲ့ အနာဂတ်အကြောင်းတွေ ပါလာပါလိမ့်မယ်။ သင်စိတ်ကူးယဉ်တာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါပေမယ့် သင့်အနာဂတ်မှ သူ့ကိုထည့်ပြီး တွေးတောစိတ်ကူးယဉ်တာမျိုးကို သိရ၊ ဖတ်ရတဲ့အခါ တစ်ဖက်လူလည်း ပျော်ရွှင်ကျေနပ်မိပါလိမ့်မယ်။

၃။သူ့ကို ဘာ့ကြောင့်ချစ်ရသလဲဆိုတဲ့ အချစ်စာမျိုး။
သင်သူ့ကို ဘာ့ကြောင့် စကြွေသွားခဲပါသလဲ။ သင်မှတ်မိနေဦးမှာပါ။ ဒါ့အပြင် သူနဲ့စတွဲတဲ့အခါ သူ့အပြုအမူ၊ သူသင့်အပေါ် ဆက်ဆံတဲ့ ဘယ်လိုအရာမျိုး။ ဘယ်လိုဂရုစိုက်ပုံမျိုးတွေ စသဖြင့် သင်သူနဲ့ပတ်သက်ပြီး သဘောကျတဲ့ အကြောင်းအရာအားလုံးကို ချရေးပြီး သူ့ဆီပို့ပေးလိုက်ပါ။ သူသဘောကျ ပြုံးပျော်သွားပါလိမ့်မယ်။

၎။ပထမဆုံး စတင်တွေ့ဆုံတုန်းက ခံစားချက်တွေပါတဲ့ အချစ်စာမျိုး။
သင်တို့နှစ်ယောက် ပထမဆုံး စတွေ့တုန်းက သင့်ခံစားချက်တွေ ဘယ်လိုရှိခဲ့ပါသလဲ။ အဲ့ဒီနောက် သင့်စိတ်ထဲ ဘာတွေတွေးခဲ့သလဲ။ သူနဲ့ထပ်တွေ့ဆုံဖို့ ဘယ်လိုထပ်ကြိုးစားခဲ့ရသလဲ။ ထပ်တွေ့တဲ့အခါမှာရော သင့်စိတ်ထဲ ဘယ်လိုရှိသလဲဆိုတဲ့ သူမသိသေးတဲ့ ပထမဆုံးတွေ့ဆုံတုန်းက စိတ်ခံစားချက်၊ အဖြစ်အပျက်လေးတွေကို စာရေးပြီး ပို့ပေးလိုက်ပါ။ ဒါကလည်း တစ်ဖက်လူအတွက် သင့်အပေါ် အချစ်တိုးစေမယ့် အရာပါပဲ။

၅။ သူ့အကြောင်းနဲ့ သင့်အတွေးတွေ ပေါင်းစပ်ရေးသားထားတဲ့ အချစ်စာမျိုး။
သင်က ကဗျာဆန်ဆန်၊ စာဆန်ဆန် အရေးအသားမျိုးလေးတွေ ရေးတတ်သူ၊ ရေးရတာ သဘောကျသူဆိုရင်တော့ သူနဲ့ပတ်သက်တဲ့ အကြောင်းအရာတွေကို ကဗျာပုံစံလေးတွေရေးပြီး သူ့ဆီ ပို့နိုင်ပါတယ်။ ဒါ့အပြင် သူ့အကြောင်းတွေကို သင့်စိတ်ခံစားချက်လေးတွေနဲ့ ပေါင်းစပ်ရေးသားတာမျိုးကလည်း သူ့အတွက် တကယ်အမှတ်ရစေမယ့်အရာတွေပဲနော်။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top