iMyanmarHouse.com - Best Property Website for Myanmar
×

Justin Bieber ဟာ အင်္ဂါနေ့က နာမည်တပ်မထားတဲ့ အလှပဂေးမလေးပုံတစ်ပုံကို တင်ပြီးတဲ့နောက် အင်တာနက်မှာ လှုပ်လှုပ်ရှားရှား ဖြစ်သွားရပါတော့တယ်.ဒီကောင်မလေးရဲ့ပုံဘေးမှာတော့ Bieber က သူ့ရဲ့ပရိတ်သတ်တွေကို ကောင်မလေးကဘယ်သူလဲဆိုတာ ရှာဖွေဖို့ “Omg .. ဒါ ဘယ်သူလေးလဲ!! “ ရေးသားပြီး စိန်ခေါ်ထားပါသေးတယ်။

ဒီ ပုံထဲကမိန်းကလေး ဘယ်သူလဲဆိုတာ ရှာတွေ့သွားချိန်မှာတော့ Instagram မှာ နာမည် “wolfiecindy” ဆိုတဲ့ မိန်းကလေးဖြစ်နေပြီး သူဟာ အွန်လိုင်းမှာ လူတွေအားလုံးရဲ့ အာရုံစိုက်ခြင်းကို ခံနေရပါပြီ။

Bieber ရဲ့ Cursh လေးကတော့ Instagram မှာ “ ကျွန်မ ဒါကို ဖြေရှင်းရမလဲ မသိတော့ပါဘူး။ ဒါပေမယ့် ကျွန်မမှာ ဒီ Instagram အကောင့်ပဲရှိတာပါ။ အရင်ကတော့ Twitter သုံးပေမယ့် ခု အဲ့အကောင့်ကို ဖျက်လိုက်ပါပြီ၊ ကျွန်မရဲ့ အရင်ကပုံတွေကို တစ်ယောက်ယောက်က ယူသိမ်းထားတာ နေမယ် ” လို့ ရေးသားထားပါတယ်။

Bieber ရဲ့ ချစ်ပရိတ်သတ်ကြီးကတော့ ဒီမိန်းကလေးရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ Comment တွေ၊ Tag တွေအများကြီး လုပ်နေကြပါတော့သတဲ့။

Credit : thithtoolwin

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top