iMyanmarHouse.com - Best Property Website for Myanmar
×

အခင်ဆုံး သူငယ်ချင်းတွေ ကြားမှာ အပြန်အလှန်နားလည်ပေးမှု၊ ဂရုစိုက်မှုတွေ လိုအပ်ပါတယ်။ ကျောင်းတက်တဲ့ အချိန်ကစလို့ ကျွန်တော်တို့ဟာ နေ့စဉ်လူမှုပတ်ဝန်းကျင်မှာ အပေါင်းအသင်း မိတ်ဆွေတွေနဲ့ နေထိုင်ရသူတွေ ဖြစ်ပါတယ်။

တစ်ခါတစ်ရံ ပူဆွေးသောကရောက်နေတဲ့ ကိုယ့်ရဲ့မိတ်ဆွေတစ်ဦး၊ သူငယ်ချင်းတစ်ဦးကို ကိုယ်ရဲ့အနီးအနားမှာ တွေ့ရလေ့ရှိမှာပါ။ အဲဒီအခါမျိုးရောက်ရင် စိတ်ညစ်နေတဲ့ သူငယ်ချင်းကို ကိုယ့်ဘက်က လုပ်ပေးနိုင်တာတွေကတော့…

၁။ ကော်ဖီတစ်ခွက်လောက် သွားတိုက်လိုက်ပါ။ သူပြောသမျှ နားထောင်လိုက်ပါ။

၂။ ဖက်ထားလိုက်ပါ။ သူ့ကိုနွေးနွေးထွေးထွေး ဖြစ်စေမယ့် ကြင်နာမှု ပေးလိုက်ပါ။ လူတွေဟာ အားငယ်ချိန်က အဖက်ခံချင်ကြပါတယ်။

၃။ လမ်းလျှောက်ထွက်လိုက်ပါ။ ခဏလောက်ဖြစ်ဖြစ်ပေါ့။ သင့်အတွက်လည်း ကောင်းပါတယ်။

၎။ သင့်မှာ ငွေပိုငွေလျှံလေး နည်းနည်းရှိနေရင်တော့ ညစာထွက်စားလိုက်ပါ။ ဒါမှမဟုတ် အိမ်မှာ ထမင်းဖိတ်ကျွေးလည်း ရပါတယ်။

၅။ သူ့ကိုခေါ်ပြီး မြို့ပြင်ကို ကားမောင်းထွက်သွားလိုက်ပါ။ သင်လည်း လတ်ဆတ်တဲ့ လေကိုရှုခွင့်ရပါလိမ့်မယ်။ ကားမောင်းရင်း မြူးကြွတဲ့ သီချင်းတွေ ဖွင့်သွားဖို့ မမေ့ပါနဲ့။

၆။ ရယ်စရာ ဟာသဇာတ်ကားတွေ သူ့ရှေ့မှာ ကြည့်ပြလိုက်ပါ။ သူ့ကိုလည်း လာကြည့်ဖို့ခေါ်ပါ။ ရယ်မောခြင်းက ဖိစီးမှုတွေပျောက်ဖို့ အကောင်းဆုံးဆေးတစ်ခွက်ပါပဲ။

၇။ အမှတ်တရအချိန်တွေ ပြန်ပြောပြလိုက်ပါ။ အထူးသဖြင့် သင်တို့နှစ်ဦးလုံး ပျော်ခဲ့ရတဲ့ အချိန်မျိုးတွေပေါ့။ ခရီးထွက်တုန်းက အမှတ်တရတွေ၊ အလွဲအချော်ဖြစ်ခဲ့တာတွေ ဟာသလုပ်ပြီး ပြန်ပြောပြလိုက်ပါ။

Credit : Duwun

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top