iMyanmarHouse.com - Best Property Website for Myanmar
×

မိမိမျက်နှာအသားရေ စိုပြည်ဝင်းလက်စေဖို့ အသားရေ အထူးထိန်းသိမ်းပေးတဲ့ အလှပြင်ဆိုင် သွားစရာမလိုပါဘူး။ ပျားရည်နဲ့ ရောစပ်ထားတဲ့ အရောင်တင် ပန်းငရုတ်မှုန့်က ထိရောက်တဲ့ သဘာဝ အလှဆီတစ်မျိုးဖြစ်ပြီး မိမိအိမ်မှာတင် ကိုယ်တိုင် ဖော်စပ်နိုင်တဲ့ အလှကုန်ပစ္စည်းတစ်ခုလည်း ဖြစ်ပါတယ်။

ဇီဝဓာတုပညာရှင်နဲ့ အာဟာရဗေဒပညာရှင် Paula Simpson ဆီမှ ရရှိတဲ့ မိမိကိုယ်တိုင်ကိုယ်ကျ ပြုလုပ်ဖော်စပ်နိုင်ပြီး လွယ်ကူထိရောက်တဲ့ နည်းလမ်းတစ်ခု ဖြစ်ပါတယ်။ သူမဟာ အရောင်တင် ပန်းငရုတ်မှုန့်မှာတွေ့ရတဲ့ zeaxanthin ဖြင့် ZSS Skincare Radiant Skin Method ကို ဖော်စပ်ခဲ့သူ ဖြစ်ပါတယ်။

ပါးပါးလေးလှီးထားတဲ့ ထောပတ်သီး (၁) ချပ်ကို သဘာဝပျားရည်စစ်စစ် လက်ဖက်ရည်ဇွန်း (၁) ဇွန်းရယ်၊ အရောင်တင် ပန်းငရုတ်မှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်နဲ့ ခွက်တစ်ခုမှာ ရောစပ်ပါ။ ရလာတဲ့ အရည်ပျစ်ပျစ်လေးကို အသားရေ သန့်ရှင်း ခြောက်သွေ့နေစေဖို့ မျက်စိကို ကွက်ချန်ပြီး လိမ်းပေးရပါမယ်။ ရေဖြင့် ပြန်မဆေးချမီ ၁၅ မိနစ် ထားပေးပါ။ အရောင်တင် ပန်းငရုတ်မှုန့်ကြောင့် အသားရေ စပ်ဖျဉ်းဖျဉ်း ဖြစ်နေပါလိမ့်မယ်။ ရေဖြင့် ဆေးချပြီးနောက် မျက်နှာလိမ်း cream သို့မဟုတ် အသားရေစိုပြည်နေစေတဲ့ ဆီတစ်ခုခု လိမ်းပေးထားလိုက်ပါ။ ထူးခြားတဲ့ အကျိုးရလာဒ်ထူးကို သင်ခံစားရပါလိမ့်မယ်။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top