iMyanmarHouse.com - Best Property Website for Myanmar
×

နာမည်ကျော် အတော်များများက နုပျိုပြီးကြည့်ကောင်းဖို့အတွက် ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ကြပေ မယ့် နေထိုင်စားသောက်မှုပိုင်းကို အထူးအလေးထားသူ ၁၀ ယောက်ရှိတာကြောင့် ကိုယ်သဘောကျ တဲ့ အနုပညာရှင်ပါ၊ မပါ လေ့လာ ကြည့်ရအောင်ပါ။

ပထမဆုံးနေရာမှာရှိနေသူ က ဂျနီဖာလိုပက်ဇ်ဖြစ်ပြီး အသက်(၄၆)နှစ်ဆိုတဲ့အရွယ်နဲ့ မလိုက် အောင်ကို နုပျိုကျန်းမာလွန်းတဲ့သူ ပါ။ အမြွှာကလေးနှစ်ဦး အမေ ဂျေလိုဟာ ဆေးလိပ်မသောက်၊ အရက်မသောက်သူဖြစ်ပြီး လေ့ ကျင့်ခန်းတွေကိုလည်း အင်တိုက်အားတိုက် လုပ်သူတစ်ယောက် ဖြစ်ပါတယ်။ ဒုတိယနေရာမှာရှိ နေသူက ဒေးဗစ်ဘက်ခမ်းဖြစ်ပြီး အစားအသောက်တွေကို စနစ်တကျစားသောက်၊ လေ့ကျင့်ခန်း ပုံမှန်ယူသူတစ်ဦးပါ။

နောက်တစ်ယောက်က တော့ အမေရိကန်မင်းသမီး ဂျနီ ဖာအန်နစ္စတန်ဖြစ်ပြီး သူကတော့ အသီးအနှံတွေ၊ ဟင်းသီးဟင်း ရွက်တွေကို ပုံမှန်စားသူပါ။ ယော ဂလေ့ကျင့်ခန်းကိုလည်း ပုံမှန်ယူ ပြီး ကိုယ်အလေးချိန်ထိန်းတဲ့ လေ့ ကျင့်ခန်းတွေလည်း ပုံမှန်လုပ်လေ့ရှိပါတယ်။

ငယ်စဉ်ကတည်းက ကျန်း မာရေးချူချာခဲ့တဲ့ ဂျက်ဆီကာ အယ်လ်ဘာက အသက် (၁၂)နှစ် အရွယ်လောက်ကတည်းက သူ့  ကိုယ်ပိုင်စားသောက်မှုပုံစံနဲ့နေခဲ့ ပြီး လတ်ဆတ်တဲ့အော်ဂဲနစ်အသီး အနှံတွေကိုပဲ စားသူပါ။ မော်ဒယ် ဟောင်းတစ်ဦးလည်းဖြစ်၊ မင်း သမီးလည်းဖြစ်တဲ့ ကင်မရွန်းဒီး ယာ့ဇ်ကတော့ အစားအသောက် ကို ချင့်ချိန်စားသလို အားကစား ခန်းမတွေမှာ ပုံမှန်လေ့ကျင့်ခန်း ယူတဲ့အပြင် ရေလွှာလှိုင်းစီးတာ ကိုလည်း မကြာမကြာလုပ်လေ့ရှိ သူပါ။

အင်္ဂလိပ်မင်းသမီးကိတ် ဘက်ကင်ဆေးလ်ကလည်း လေ့ ကျင့်ခန်းလုပ်ရင်း ကိုယ်အလေး ချိန်ကို အလေးထားထိန်းသိမ်းသူ တစ်ယောက်ဖြစ်ပြီး မင်းသမီးဂျက်ဆီကာဘီးလ်ဆိုရင် ဘောလုံး လည်းကစား၊ ဘဲလေးအကလည်းက၊ အပြေး၊ တောင်တက်တာတွေအပြင် ယောဂလည်းကျင့်ပြီး ကျန်း မာကြံ့ခိုင်အောင်နေတယ်လို့ ဆို ပါတယ်။

မင်းသားဂျိတ်ခ်ဂျင်လန် ဟားလ်ကတော့ အိမ်မှာတောင် ကိုယ်ပိုင်စိုက်ခင်းထားပြီး အသီး အရွက်တွေစားသုံးသလို အပြေး လေ့ကျင့်ခန်းပုံမှန်ယူတဲ့ မာရသွန် သမားတစ်ယောက်ပါ။ မင်းသမီး ဂွန်းနက်ပါလ်ထရောင်းကတော့ လေ့ကျင့်ခန်းအပြင်းအထန်ယူတဲ့ သူတစ်ယောက်အဖြစ် နံပါတ်ကိုး နေရာမှာရှိနေပြီး စပိုက်ဒါမန်းအ ဖြစ် လူသိများတဲ့ တိုဘီမက်ဂွိုင်း ယားကတော့ နံပါတ် ၁၀ နေရာ မှာ ရှိနေပါတယ်။

Credit : 7 Day Daily

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top