iMyanmarHouse.com - Best Property Website for Myanmar
×

ကျွန်တော်တို့ဟာ အမှီအခိုကင်းမဲ့ခြင်းနဲ့ ကိုယ့်အားကိုယ်ကိုးခြင်းတို့ရဲ့ အရေးပါမှုတွေကို အလေးထားတဲ့ သီးခြား ယဉ်ကျေးမှုတွေမှာ နေထိုင်နေရပါတယ်။ သင့်အနာဂတ်အတွက် သင့်မှာသာ တာဝန်ရှိပါတယ် ၊ သင်ဟာ တစ်စုံတစ်ယောက်ကို မမှီခိုသင့်ပါဘူး ၊ သင့်ပျော်ရွှင်မှုအတွက် သင့်မှာသာ တာဝန်ရှိပါတယ် စတဲ့ စကားတွေကို အမြဲတမ်းကြားယောင်နေရပါတယ်။ သင်ဟာ သင့်ရဲ့ လက်တွဲဖော်ကို မှီခိုမယ်ဆိုရင် သင်ဟာ လိုအပ်ချက် ရှိလာသူဖြစ်သွားပါလိမ့်မယ် လို့ လူတွေက ဆိုကြမှာပါ။

ဒါပေမယ့် Amir Levine နဲ့ Rachel Heller တို့ရဲ့  "Attached" ဆိုတဲ့ စာအုပ်တစ်အုပ်ထဲမှာတော့ အဲဒီလို အတွေးအခေါ်နဲ့ အချစ်ရေးကို ဖြတ်သန်းခြင်းဟာ ဇီဝဗေဒ ရှုထောင့်ကနေကြည့်ရင် မှားယွင်းတယ်လို့ ရေးသားထားပါတယ်။

သူတို့ ထောက်ပြ သွားတဲ့ အကြောင်းအရာတွေကတော့ "များစွာသော လေ့လာမှုတွေက ဖော်ပြခဲ့တာက ကျွန်တော်တို့ဟာ တစ်စုံတစ်ယောက်ကို ငြိတွယ်မိသွားပြီးဆိုရင် ၂ ယောက်ပေါင်းပြီး ရုပ်ပိုင်းဆိုင်ရာ အရေအတွက် ၁ ခု အဖြစ် ပြောင်းလဲဖြစ်ပေါ်သွားပါတယ်။ ဆိုလိုတာက ကိုယ့်ရဲ့  လက်တွဲဖော် ၀မ်းနည်းရင် ကိုယ်လည်းဝမ်းနည်းတယ်။ သူပျော်ရင် ကိုယ်ပျော်တယ်။ ဒါကြောင့် လက်တွဲဖော်ဆိုတာ ကိုယ့်ရဲ့  သွေးဖိအား ၊ နှလုံးခုန်နှုန်း နဲ့ ဟော်မုန်းတွေ ဖြစ်လာပါတယ်။  

ဒါကိုတော့ UCLA က ပရော်ဖက်ဆာ တစ်ယောက်ဖြစ်တဲ့ Matt Lieberman က လက်မခံခဲ့ပါဘူး။ သူ့ရဲ့  အကြောင်းပြချက်ကတော့ လူတွေရဲ့  ဦးနှောက်ဟာ အချင်းချင်း ချိတ်ဆက်နိုင်ဖို့ ခက်ခဲတဲ့အတွက် ဒီလို နှစ်ကိုယ့်တစ်စိတ် ဖြစ်လာဖို့ မဖြစ်နိုင်ဘူးလို့ ဆိုပါတယ်။

အချစ်ရေးမှာပျော်ရွှင်ဖို့အတွက်  သူငယ်ချင်းတွေ ၊ ရည်မှန်းချက်တွေ ၊ အစရရှိတဲ့ ဘ၀ရဲ့ အခြား အစိတ်အပိုင်းတွေကို ဆုံးရှုံးလိုက်ရမှာလား? ဒီလိုမေးခွန်းမျိုးတွေ ထုတ်တတ်သူတစ်ချို့ ဟာ သူတို့ရဲ့  ရည်မှန်းချက်ကို ချည်နှောင်ခံလိုက်ရမှာ စိုးတဲ့အတွက် အချစ်ရေးကို မယုံကြည်ပါဘူး။ အဲဒီလူတွေဟာ အချစ်နဲ့ အောင်မြင်မှုကို တစ်ပြိုင်နက် မပိုင်ဆိုင်နိုင်သူတွေပဲဖြစ်ပါတယ်။  

"Think and Grow Rich" ဆိုတဲ့ စာအုပ်ကိုရေးသားခဲ့တဲ့ စာရေးဆရာ Napoleon Hill ဟာ အောင်မြင်မှုနဲ့ ကျရှုံးမှုဖြစ်စဉ်တွေကို လေ့လာဖို့ ၂၅ နှစ်လောက် အချိန်ယူခဲ့ပါတယ်။ သူလေ့လာခဲ့သလောက် သူပြန်တွေ့ရှိခဲ့တာ ကတော့ ယောကျာင်္းတစ်ယောက် ရဲ့ အောင်မြင်မှုအတွက် မိန်းမ တစ်ယောက်ဟာ ခွန်အားတစ်မျိုး ဖြစ်တယ်ဆိုတာပါပဲ။ ဒါကြောင့် "အောင်မြင်တဲ့ယောကျာင်္းတိုင်းရဲ့ နောက်ကွယ်မှာ မျှတပြီး ထက်မြက်တဲ့ မိန်းမ တစ်ယောက်ရှိတယ်" ဆိုတဲ့ ဆိုရိုးတစ်ခုဖြစ်တည်လာခဲ့တာပါ။

ဒါဟာ မှီခိုခြင်းဆိုင်ရာ ၀ရောဓိ ဆိုတဲ့ The Dependency Paradox ရဲ့  စွမ်းအားတွေပဲဖြစ်ပါတယ်။ ဒါကြောင့် ကိုယ့် လက်တွဲဖော်ကို မှီခိုစရာ မလိုဘူးဆိုတဲ့ အတွေးကို ဖျောက်ဖျက်လိုက်ပါ။ Levine နဲ့ Heller တို့ရဲ့  အတွေးကို လက်ခံလိုက်ပါ။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top