iMyanmarHouse.com - Best Property Website for Myanmar
×

လေ့ကျင့်ခန်းလုပ်ချင်ပေမဲ့ အလုပ်တွေနဲ့ အချိန်မပေးနိုင် ဖြစ်နေသူတွေအတွက်ပါ။

၁ - သဘာဝအတိုင်း
အလုပ်သွားတဲ့အခါ တစ်မှတ်တိုင်လောက်ကြိုဆင်းပြီး အလုပ်ကိုလမ်းလျှောက်သွားတာမျိုးလုပ်ပါ။ ဒီ့အတွက် စောစောတော့ထွက်ရပါမယ်။ ဓာတ်လှေကားနဲ့တက်မယ့်အစား ရိုးရိုးလှေကားကနေ တက်တာမျိုးလုပ်ပါ။

၂ - အချိန်
နေ့လည်စာစားချိန်မှာ လုပ်ဖော်ကိုင်ဖက်တွေနဲ့အတူ စားတာကောင်းပါတယ်။ ဒါပေမဲ့ ရတဲ့အချိန်လေးကိုယူပြီး အနီးအနားကို လမ်းလျှောက်လို့ရပါတယ်။

၃ - မိသားစုနဲ့အတူ
ကလေးရှိတဲ့မိခင်တွေအနေနဲ့ သားသမီးတွေအတွက် ပြင်ရဆင်ရင်း မအားမလပ်ရှိနေတတ်ကြပါတယ်။ အကောင်းဆုံးကတော့ ကလေးတွေနဲ့အတူ လေ့ကျင့်ခန်းလုပ်တာဖြစ်ပါတယ်။

၎ - အပေါင်းအသင်း
မနက်ထပြေးတာမျိုးပဲဖြစ်ဖြစ်၊ လေ့ကျင့်ခန်းလုပ်တာပဲဖြစ်ဖြစ် အပေါင်းအသင်းသူငယ်ချင်းတွေပါ ပါလာအောင် ဆွယ်ပါ။ ဒါဆို တစ်ကိုယ်တည်းလုပ်တာထက် ပိုလုပ်ဖြစ်လာပါလိမ့်မယ်။

၅ - တပြိုင်နက်
တယ်လီဗေးရှင်းကြည့်နေတုန်း လေ့ကျင့်ခန်းလုပ်ပါ။ မိသားစုနည်းတဲ့လူတွေလောက်ပဲ အဆင်ပြေပါလိမ့်မယ်။

၆ - နေ့စဉ်
လေ့ကျင့်ခန်းလုပ်ဖြစ်ပြီဆိုတာနဲ့ စာနဲ့ချမှတ်ထားပါ။

Credit : duwun

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top