iMyanmarHouse.com - Best Property Website for Myanmar
×

ကမ္ဘာကျော် Pop ဂီတ အဆိုတော် မက်ဒေါနားသည် စင်ကာပူနိုင်ငံတွင် ပထမဆုံးအကြိမ် သွားရောက်ဖျော်ဖြေမည်ဟု သိရှိရသည်။

Mediacorp VizPro ၏ Facebook စာမျက်နှာတွင် ၂၀၁၆ ခုနှစ်၊ Rebel Heart ကမ္ဘာလှည့် ဖျော်ဖြေမှုခရီးစဉ်၏ အစိတ်အပိုင်းတစ်ရပ်အဖြစ် မက်ဒေါနားသည် အရှေ့တောင်အာရှနိုင်ငံသို့ သွားရောက်မည်ဟု အတည်ပြု ဖော်ပြထားသည်။

စင်ကာပူရှိ မက်ဒေါနား ပရိသတ်များအနေဖြင့် Popဂီတ ဘုရင်မအဖြစ် တင်စားခံရသူ အဆိုတော် ဆိုက်ရောက်လာမည့်နေ့ကို နှစ်ရှည်လများ စောင့်ဆိုင်းပြီး ယခုအခါ လက်တွေ့အထမြောက်လာပြီ ဖြစ်သည်။ မက်ဒေါနားသည် ၁၉၉၃ ခုနှစ်က စင်ကာပူတွင် သွားရောက် ဖျော်ဖြေရန် စီစဉ်ခဲ့သော်လည်း သူမ၏ Girlie Show ကမ္ဘာလှည့် ဖျော်ဖြေပွဲနှင့် ပတ်သက်၍ အငြင်းပွားစရာ အခြေအနေများ ပေါ်ပေါက်ခဲ့သည့်နောက် စင်ကာပူသို့ ဝင်ရောက်ခွင့် ပိတ်ပင်ခံခဲ့ရသည်။

Mediacorp VizProက အသက် ၅၇ နှစ်အရွယ် အဆိုတော်၏ ဖျော်ဖြေပွဲကျင်းပမည့်နေ့ရက်ကို မကြေညာသေးဘဲ နေရာကိုသာ သတင်းထုတ်ပြန်ထားသည်။ ဖျော်ဖြေပွဲကျင်းပမည့် နေရာသည် စင်ကာပူအမျိုးသား အားကစားကွင်းတွင် ဖြစ်သည်။

အစောပိုင်းက မက်ဒေါနား၏ တရားဝင်ဝက်ဘ်ဆိုက်တွင် စင်ကာပူဖျော်ဖြေပွဲနေ့ကို ဖေဖော်ဝါရီ ၂၈ ရက်ဟု ရေးသားထားသော်လည်း နောက်ပိုင်းတွင် ပြန်လည် ပယ်ဖျက်သွားခဲ့ကြောင်း သိရသည်။

Credit : 7 Day Daily

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top