iMyanmarHouse.com - Best Property Website for Myanmar
×

အသက် ၄ လနဲ့ ၆ လအတွင်း မိမိကလေးငယ် အဆင်သင့်ဖြစ်တဲ့အချိန်မှာစပြီး ဖြည့်စွက်စာ ကျွေးလို့ရပါပြီ။ အဲ့ဒီမတိုင်ခင်တော့ မိခင်နို့ (သို့) နို့ဘူး က ကလေးအတွက်လိုအပ်သမျှ ကယ်လိုရီ နဲ့ အဟာရတွေ ကို ဖြည့်တင်းပေးပါတယ်။

ဖြည့်စွက်စာ စားဖို့ အဆင်သင့်ဖြစ်မဖြစ် အောက်ပါအချက်တွေကို ကြည့်ရူစစ်ဆေးနိုင်ပါတယ်။

• ဦးခေါင်းကို တည့်မတ်စွာထားနိုင်ခြင်း -  ကလေးငယ်ဟာ သူ့ဦးခေါင်းကို တည့်မတ်စွာဖြင့် ငြိမ်ငြိမ်ထားနိုင်ဖို့လိုပါတယ်။

• အစာကိုပြန်ထွေးမထုတ်ခြင်း - ကလေးငယ်ဟာ  ဖြည့်စွက်စာကို ပါးစပ်ထဲမှာထားပြီး ၀ါးစားနိုင်ဖို့အတွက် လျှာကိုအသုံးပြုကာ အစာတွေကို ပါးစပ်ထဲမှပြန်ထွေးမထုတ်ဖို့ လိုအပ်ပါတယ်။

• နောက်မှီ ကူရှင်ဖြင့် ကောင်းကောင်းထိုင်နိုင်ခြင်း -  ကလေးငယ်ဟာ ခုံအမြင့်နဲ့ ထိုင်ဖို့ အဆင်သင့်မဖြစ်သေးရင် အစာကို ကောင်းကောင်း မြိုချနိုင်ဖို့ အနည်းဆုံး နောက်မှီ ကူရှင်နဲ့တော့ကောင်းကောင်းထိုင်နိုင်ဖို့ လိုအပ်ပါတယ်။

• ကိုယ်အလေးချိန်တိုးလာခြင်း - ကလေးအများစုဟာ ဖြည့်စွက်စာကျွေးဖို့ဆိုရင် သူတို့မွေးစဉ်က ကိုယ်အလေးချိန်ထက် နှစ်ဆဖြစ်လာဖို့လိုပြီး အနည်းဆုံးအသက် ၄ လ ရှိရပါမယ်။

• အစားအသောက်ပိုစားလိုခြင်း -  ကလေးငယ်သည် မိခင်နို့ သို့ ဖော်မြူလာ(နို့ဘူး) ကို ၈ကြိမ် မှ ၁၀ကြိမ် သောက်သုံးသော်လည်း ဆာလောင်နေတတ်တယ်လို့ ထင်ရပါမယ်။

• လူကြီးတွေဘာစားလဲဆိုတာ စိတ်ဝင်စားလာခြင်း - ကလေးငယ်ဟာ လူကြီးတွေ ပုဂံထဲက အစားအသောက်ကို စိုက်ကြည့်နေတတ်ပြီး လက်နဲ့လှမ်းဆွဲယူတတ်လာမည်။

Credit : သစ်ထူးလွင်

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top