iMyanmarHouse.com - Best Property Website for Myanmar
×

Nicholas နဲ့  Rafaela တို့က ပြီးခဲ့တဲ့ အပတ်က သူတို့ရဲ့ ၈၂ နှစ်မြောက် မင်္ဂလာ နှစ်ပတ်လည်နေ့ကို ကျင်းပခဲ့ကြပါတယ်။ Nicholas  က ၁၀၂ နှစ် ရှိပြီး Rafaela က အောက်တိုဘာလမှာ နှစ် ၁၀၀ ပြည့်ခဲ့ပါပြီ။သူတို့ရဲ့ သားသမီး ၁၄ ယောက်၊ မြေး ၄၄ ယောက်၊ မြစ် ၈၃ ယောက် နဲ့ တီ ၁၂ ယောက်တို့က နှစ်ပတ်လည် အခမ်းအနားကို တက်ရောက်ခဲ့ကြပါတယ်

သူတို့နှစ်ယောက်က အရင်က  မက္ကဆီကို နိုင်ငံမှာနေုခဲ့ကြတာပါ။ မြေးဖြစ်သူ Isela Garcia က သူ့အဘိုးနဲ့အဘွားက သူတို့အတွက် စံပြပုဂ္ဂိုလ်တွေ ဖြစ်ပါတယ်တဲ့။ အဘိုး နဲ့ အဘွား က အခုချိန်ထိ အချစ်မပြယ်ကြသေးဘဲ  တစ်ဦးအပေါ် တစ်ဦး ကြင်နာယုယကြတယ် ။ သူတို့ နှစ်ယောက် ရန်ဖြစ်တာ စိတ်ဆိုးတာကို တစ်ခါမှ အတွေ့ဖူးဘူး လို့ ဆိုပါတယ်။ Nicholas က နှစ်ပတ်လည် အခမ်းအနားမှာ အိမ်ထောင်တစ်ခု သက်တမ်းရှည်ကြာ ခိုင်မြဲစေဖို့ အကြံကောင်းတစ်ခု ပေးခဲ့ပါတယ်။ အိမ်ထောင်တစ်ခုမှာ  အဓိက က အပြန်အလှန် လေးစားမှု ၊ချစ်ခင်မှု နဲ့ အသေးအဖွဲလေးတွေ အတွက်နဲ့ ပြဿနာ အဖြစ်မခံဖို့ပါပဲတဲ့။

“ ကျုပ်က ချစ်တတ်ဖို့ ၊ ဂရုစိုက်တတ်ဖို့ကို သင်ယူခဲ့တယ်။ ပြီးတော့ ဘယ်အရာနဲ့ ယှဉ်ယှဉ် မိသားစုကို ဦးစားပေးခဲ့တယ်။ ဒါက ခိုင်မာတဲ့ အိမ်ထောင်ရေးရဲ့ လျှို့ဝှက်ချက်ပဲ “လို့ Nicholas က ပြောခဲ့ပါတယ်။နောက်တစ်ကြိမ်မှာ ကိုယ်နဲ့ ကိုယ့်ခင်ပွန်း/ဇနီး က ဒီလို အကြံဥာဏ်တောင်းခံရမယ့် ဘ၀လေးကို တွေးကြည့်ပြီး ပြင်ဆင်နိုင်ပါစေ။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top