iMyanmarHouse.com - Best Property Website for Myanmar
×

နှလုံးရောဂါ၊ သွေးတို ရောဂါ ရှိသူများ အနေနဲ့ လိမ္မော်သီး ဖျော်ရည် သောက်သုံးသင့်ကြောင်း ဗြိတိန်မှ ဆေးပညာရှင် များက ဆိုပါတယ်။ သူတို့ရဲ့ လေ့လာ စမ်းသပ်ချက်အရ လိမ္မော်သီးမှာ ပါဝင်တဲ့ citrus phytonutrient လို့ခေါ်တဲ့ ဓာတ်တစ်မျိုးကြောင့် ဖြစ်ကြောင်း ဆိုပါတယ်။

Citrus phytonutrient ဓာတ်ဟာ ခန္ဓာကိုယ်တွင်း သွေးလည်ပတ် စီးဆင်းမှုကို ပုံမှန်ဖြစ်စေပါတယ်။ အထူးသဖြင့် သွေးလေးသူများ(သွေးပေါင်ချိန်များနေသူများ) သောက်သုံးလိုက်တဲ့အခါ သွေးများ နှေးကွေးစွာ လည်ပတ်နေမှုကို ပုံမှန်အတိုင်း ဖြစ်အောင် ပြန်မြင့်တင်ပေးပါတယ်။

လိမ္မော်ရည်ဟာ ကဖင်းဓာတ်များတဲ့ ကော်ဖီတစ်ခွက်နဲ့ လူတစ်ဦးကို စိတ် ကြည်လင်လန်းဆန်းအောင် ပြုလုပ်ပေးနိုင်တဲ့ ဓာတ်သဘာဝက တူညီစွာ ပါရှိကြောင်း ဆိုပါတယ်။ ဒါကြောင့်မို့ အိပ်ရေးမဝတဲ့ ညကို ဖျက်သန်းခဲ့ရသူများအနေနဲ့ ကော်ဖီကို သောက်ရတာ မကြိုက်ဘူး၊ ကော်ဖီနဲ့ မတည့်ဘူးဆိုရင် လိမ္မော်ရည်ကို အစားထိုး သောက်သုံးနိုင်ကြောင်း ဆိုပါတယ်။

လိမ္မော်ရည် ပုံမှန်သောက်သုံးခြင်းကလည်း နှလုံး၊ သွေးပေါင်ချိန် နဲ့ ပက်သက်ပြီး ဖြစ်တတ်သော ရောဂါများကို ကာကွယ်ပြီးသားလည်း ဖြစ်ကြောင်း ဆိုပါတယ်။

Credit : yoyarlay

 ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top