iMyanmarHouse.com - Best Property Website for Myanmar
×

အဆိုတော်မလေး ကီရှာရဲ့ နာကျင်ဖွယ် ဖြစ်ရပ်အတွက် အဆိုတော်တွေနဲ့ ပရိသတ်တွေက သူမကို ဝိုင်းဝန်း နှစ်သိမ့်ပေးနေကြပါတယ်။ ကီရှာရဲ့ ထုတ်လုပ်သူ ဒေါက်တာလုခ်ဟာ သူမကို မူးယစ်ဆေးတိုက်ကျွေးပြီး အဓမ္မကျင့်ခဲ့လို့ ကီရှာက တရားစွဲဆိုခဲ့ပေမယ့် ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။ ဒေါက်တာ လုခ်က သူ့အနေနဲ့ ကီရှာ့ကို ခုလိုပြုလုပ်ခဲ့တာဟာ ကီရှာရဲ့ခွင့်ပြုချက်ရလို့ လိင်ဆက်ဆံခဲ့ရုံသာဖြစ်တယ်လို့ တရားရုံးမှာ ထွက်ဆိုလိုက်တာပါ။

တရားစွဲဆိုမှု ရှုံးနိမ့်ပြီးတဲ့နောက် ကီရှာရဲ့ ထုတ်လုပ်ရေးဆိုင်ရာ စာချုပ်ကို ထိန်းသိမ်းခံလိုက်ရပါတယ်။ ကီရှာဟာ သူမကို အနိုင်ကျင့်စော်ကားခဲ့တဲ့ ထုတ်လုပ်သူခြယ်လှယ်သမျှ လုပ်ကိုင်ရတော့မှာဖြစ်ပြီး တကယ်လို့ သဘောမတူဘူးဆိုရင်လည်း လုံးဝ အလုပ်တွဲမလုပ်ရုံသာ ရှိပါတော့တယ်။


ကီရှာရဲ့ ကြေကွဲဖွယ်ရလဒ် ထွက်ပေါ်လာအပြီးမှာ နာမည်ကျော် အဆိုတော်တွေနဲ့ ပရိသတ်တွေက လူမှုကွန်ရက်အကောင့်တွေမှာ သူမကို ဝိုင်းဝန်းထောက်ခံအားပေးနေကြပါတယ်။ လေဒီဂါဂါ၊ အေရီယာနာ ဂရန်ဒီ၊ လော့ဒ် ၊ လီလီ အဲလန်၊ ဒမ်မီလိုဗာတိုနဲ့ ဟယ်လ်ဆေတို့ အပါအဝင် နာမည်ကျော် အဆိုတော်တွေကလည်း တွစ်တာပေါ်မှာ ကီရှာကို အားပေးနေကြပါတယ်။

ပရိသတ်တွေကတော့ ကီရှာအပေါ် ချမှတ်ထားတဲ့ ပြစ်ဒဏ် ရုတ်သိမ်းပေးဖို့အတွက် #FREEKESHA စာသားနဲ့အတူ ဝိုင်းဝန်းတောင်းဆိုနေကြတာ တွေ့ရပါတယ်။

Credit :Duwun

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top