iMyanmarHouse.com - Best Property Website for Myanmar
×

အမျိုးသား ဖြစ်စေ ၊ အမျိုးသမီး ဖြစ်စေ လိင်ဆက်ဆံပြီးနောက်မှာ ၀မ်းနည်း ကြေကွဲသလို ခံစားရတတ်ကြရပါတယ်တဲ့။ ဘယ်လောက်ကောင်းမွန်တဲ့ ဆက်ဆံရေး ဖြစ်ခဲ့ပါစေ စိတ်ဓာတ်ကျသလို ခံစားမိတာက ဖြစ်လေ့ ဖြစ်ထ ရှိပါတယ်။ လိင်ဆက်ဆံပြီးနောက် နှစ်ကိုယ်ကြား စကားပြောလိုစိတ် မရှိဘဲ ကိုယ့်အဖော်ဖြစ်သူက တစ်ဘက်ကိုလှည့်နေတာ ၊ကိုယ့်တစ်ယောက်တည်း ချန်ထားခဲ့တာ တွေကြုံရတဲ့အခါ နားလည်ပေးနိုင်ဖို့ လိုပါတယ်။ ဒီအခြေအနေကို PCT (post –coital tristesse )လို့ ခေါ်ပါတယ်။ PCT ဖြစ်တဲ့အခါ လိင်ဆက်ဆံပြီးပြီးချင်းကနေ ၂ နာရီလောက်အထိ ၀မ်းနည်းသလို ၊ ပူပင်သောက ရောက်သလို  စိတ်မသက်မသာ ခံစားမှုကို ခံစားရပါတယ်။

ဘာ့ကြောင့် ဒီလိုမျိုး ဖြစ်ရတာပါလဲ။  ဒါက ပရိုလက်တင် ဟော်မုန်း ကြောင့် ဖြစ်ရခြင်း ဖြစ်ပါတယ် ။ပရိုလက်တင်ဟော်မုန်းက အမျိုးသမီး တွေကို နို့ရည် ဖြစ်စေတဲ့ ဟော်မုန်း ဖြစ်ပေမဲ့ အမျိုးသားတွေမှာလည်း ရှိပါတယ်။ လိင်ဆက်ဆံရာမှာ ခံစားချက် အထွတ်အထိပ်ရောက်စေတဲ့ ဒိုပါမင်း ဟော်မုန်းထွက်ရှိမှုကို တန်ပြန်သက်ရောက်စေဖို့ သင့် ခန္ဓာကိုယ်က လိင်ဆက်ဆံပြီးနောက်မှာ  ဒီ ဟော်မုန်းကို ထုတ်ပေးလေ့ရှိပါတယ်။ဒီ ပရိုလက်တင် ဟော်မုန်းက စိတ်ကို သက်ရောက်စေပြီး ၀မ်းနည်းကြေကွဲမှု ဖြစ်စေခြင်း ဖြစ်ပါတယ်။

တခြား အကြောင်းအရာတချို့ကြောင့်လည်း ၀မ်းနည်း ကြေကွဲမှု ခံစားရတတ်ပါတယ်။ လိင်ဆက်ဆံခြင်းဆိုတာ တစ်ဦးတစ်ယောက်နဲ့ ပတ်သက်ရခြင်း ဖြစ်ပါတယ်။ လိင်ဆက်ဆံနေစဉ်မှာ အကောင်းဆုံး စိတ်ခံစားချက်ဖြစ်နေပေမဲ့ လိင်ဆက်ဆံပြီးနောက်မှာတော့ လက်တွေ့ဘ၀ကို စဉ်းစားမိလာတဲ့ အချိန်မှာ နောက်ဆက်တွဲပြဿနာများကို ကြောက်ရွံ့တာ၊ ပူပင်တာတွေ ဖြစ်လာပါတယ်။ဒါကြောင့် အဲ့ဒီ အချိန်မှာ တစ်ယောက်တည်းနေချင်စိတ် ၊ ကိုယ်နဲ့ ပတ်သက်ခဲ့သူနဲ့ ဝေးဝေးနေချင်စိတ် ဖြစ်လာပါတယ်။

သားသမီးယူဖို့ ၊ အိမ်ထောင့်တာဝန် ၊ စီးပွားရေး ၊လူမှုရေး အကြောင်းတွေခေါင်းထဲ ပြန်ရောက်လာချိန်မှာ လက်ရှိ အခြေအနေက တခဏ ဝေးနေချင်သလို ဖြစ်တတ်တာပါ။ ဒီလို အခြေအနေမျိုး လူတိုင်း ကြုံတွေ့နိုင်ကြောင်း နားလည်ထားသင့်ပါတယ်။ ဒါမှ ကိုယ့် အဖော်က ကိုယ့်ကို ခံစားချက်မရှိတော့တာ ၊ နှစ်ယောက်တစ်ဘ၀ နေထိုင်ရတာ မပျော်တော့တာလားလို့ တွေးမပူရဘဲ နေနိုင်မှာ ဖြစ်ပြီး အချင်းချင်း နားလည်မှု ပေးနိုင်ပြီး ပျော်ရွှင်နိုင် မှာ ဖြစ်ပါတယ်။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top