iMyanmarHouse.com - Best Property Website for Myanmar
×

အမေရိကန် စူပါမော်ဒယ် စင်ဒီခရော့ဖို့ဒ်က မော်ဒယ်လောကမှ အနားယူ တော့မည်ဟု United Airlines ၏မဂ္ဂဇင်းနှင့် အင်တာဗျူးတွင် တရားဝင် ကြေညာသည်။

စင်ဒီခရော့ဖို့ဒ်သည် ၁၉၈၀ ပြည့်ဝန်းကျင်တွင် မော်ဒယ်လော ကသို့ စတင်ခြေချခဲ့ပြီး ကမ္ဘာကျော် မော်ဒယ်တစ်ဦး ဖြစ်လာခဲ့သည်။ အသက် (၄၉)နှစ်အရွယ်ရှိ စင်ဒီ ခရော့ဖို့ဒ်သည် ဖေဖော်ဝါရီ ၂၀ ရက်တွင် အသက် (၅၀)ပြည့်မည် ဖြစ်သည်။ စင်ဒီခရော့ဖို့ဒ်က အသက်(၅၀)ပြည့်ပြီးနောက် မော် ဒယ်လောကမှ အနားယူမည်ဟု Rhapsody မဂ္ဂဇင်းအား ပြောကြား ခဲ့သည်။

‘‘နောက် (၁၀) နှစ်လောက် အထိ ကျွန်မ ဓာတ်ပုံတွေရိုက်နေ မယ်ဆိုတာ အသေချာပါပဲ။  ဒါပေမဲ့ အဲဒီဓာတ်ပုံတွေကို မော်ဒယ် တစ်ယောက်အနေနဲ့ ရိုက်မှာတော့ မဟုတ်ပါဘူး။   အဆင်ပြေပါတယ်။ မော်ဒယ်တစ်ယောက် အနေနဲ့ ကျွန်မ ဓာတ်ပုံတွေ အများကြီး ရိုက်ခဲ့ပြီးပြီ။ အရမ်းကို ထူးခြားတဲ့ ဓာတ်ပုံ ဆရာတွေနဲ့ လက်တွဲ လုပ်ဆောင်ခဲ့တာပါ’’ဟု စင်ဒီ ခရော့ဖို့ဒ်က ပြောသည်။

စင်ဒီခရော့ဖို့ဒ်၏ ဆယ် ကျော်သက်အရွယ်ရှိ သားနှင့် သမီးသည်လည်း မိခင်ခြေရာကို နင်း၍ မော်ဒယ်လောကသို့ ဝင် ရောက်နေပြီဖြစ်သည်။

Credit : 7 Day Daily

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top