၁။ သူတို့ဟာ ချစ်တက်သူတွေပါ။ အကြင်နာမေတ္တာတရားကြီးမားသူတွေ ဖြစ်ကြပါတယ်။ မျက်စိလည် လမ်းမှားနေတဲ့ ကြောင်လေးတစ်ကောင်ကို မွေးစားလိုက်ဖို့ ဝန်မလေးတက်ပါဘူး။
၂။ သူတို့က relationship တစ်ခုကို ဟန်ချက်ညီအောင်ထိန်းတက်ပါတယ်။ တစ်ခါတစ်လေ သူတို့ချစ်တဲ့ ကြောင်လေးတွေက သခင်နားမကပ်ပဲ တစ်ယောက်တည်းနေချင်တာမျိုးကို သူတို့ သဘောပေါက်ပါတယ်။
၃။ စွဲစွဲမြဲမြဲ ချစ်တက်ကြသူတွေဖြစ်ပါတယ်။ သူတို့ကြောင်လေးတွေကို ဘာပဲဖြစ်ဖြစ် အမြဲတမ်း ချစ်နေသလိုမျိုးပေါ့။

၎။ သင့်ကိုပျော်အောင် ဟာသလည်း လုပ်တက်ကြပါတယ်။ အမြဲတမ်းလည်း သူတို့ရဲ့ ကြောင်ကလေးတွေကို နောက်ပြောင်နေကြ ဖြစ်နေလို့ပါ။
၅။ တာဝန်ယူစိတ် ရှိတက်ကြသူတွေလည်းဖြစ်ပါတယ်။ သူတို့ကြောင်ကလေးများ နေမကောင်းဖြစ်ရင် ဆေးခန်း အရင်ဆုံး ပြေးသွားကြမှာပါ။ သင့်ကိုလည်း ဒီလို့ပဲ ဂရုစိုက်ကပါလိမ့်မယ်။
၆။ သင်က သူတို့အနားကမခွါ ကပ်နေတဲ့အခါ ပြေးထွက်သွားမယ်သူမျိုး မဟုတ်ပါဘူး။ သူတို့ချစ်တဲ့ ကြောင်ကကလေး တွေ ပေါင်ပေါ်လာအိပ်နေရင်တောင် နိုးသွားမှာစိုးလို့ ဒီအတိုင်း ဆက်ထိုင်နေတက်ကြတာာပါ။
၇။ သစ္စာလည်းရှိတက်ကြပါတယ်။ သူတို့နဲ့ သူတို့ကြောင်ကလေးရဲ့ အချစ်သူက ဘယ်သူမှ ခွဲလို့မရသလို သင့်အပေါ်လည်း သစ္စာရှိတက်ကြပါတယ်။
Credit : Duwun
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...