iMyanmarHouse.com - Best Property Website for Myanmar
×

တချို့က စိတ်ဖိစီးမှုများ လာချိန်မှာ အစားကိုတရပ်စပ် စားသုံးတတ်တဲ့ အကျင့်ရှိကြပြီး များသောအားဖြင့် ကျန်းမာရေးနဲ့ မညီညွတ်တဲ့အစားအစာတွေ စားတတ်ကြတယ်။
များပြားလှတဲ့ လုပ်ငန်းတာဝန်တွေကြောင့် မကြာခဏဖြစ်ပေါ်လေ့ရှိတဲ့
စိတ်ဖိစီးမှု ဝေဒနာ သက်သာလျော့ပါးစေရန် စားသောက်နိုင်မယ့် ကျန်းမာရေးအကျိုးပြု
အစားအသောက်အချို့ကို ရှာဖွေတင်ဆက်ပေးလိုက်ပါတယ်။

၁။ ဖရုံစေ့

မလိုလားအပ်တဲ့ စိတ်ဖိစီးမှုတွေဖြစ်မလာအောင် တားဆီးပေးနိုင်တဲ့ ဇင့်ဓာတ်ကို
ဖရုံစေ့ကနေ အပြည့်အ၀ရရှိနိုင်ပါတယ်။ စိတ်ဖိစီးမှုများလာချိန်မှာ
ဖရုံစေ့လက်တစ်ဆုပ်စာလောက် စားကြည့်လိုက်ပါ။ တကယ်ထူးခြားလာပါလိမ့်မယ်။

၂။ ချောကလက်

စိတ်ဖိစီးမှုများနေချိန်မှာ ကိုကိုး ၇၀ ရာခိုင်နှုန်းကျော်ပါဝင်တဲ့ ချောကလက်ကို
စားလိုက်ပါ။ ချောကလက်က ထုတ်ပေးတဲ့ Antioxidant က စိတ်ကို
သက်သာပေါ့ပါးစေပါတယ်။

၃။ လက်ဖက်ရည်

နို့မပါတဲ့ လက်ဖက်ရည် (Black Tea) ကို ပုံမှန်သောက်သူတွေဟာ စိတ်ဖိစီးမှု
အလွယ်တကူလျော့ကျနိုင်ပြီး တော်ရုံနဲ့လည်း စိတ်ဖိစီးမှု မဖြစ်တတ်ကြတာကို
ဆေးပညာရှင်တွေ လေ့လာတွေ့ရှိထားပါတယ်။ 

၎။ ဗီတာမင်စီ

ဘာကြောင့်ပဲ စိတ်ဖိစီးမှုဖြစ်နေပါစေ လိမ္မော်သီး၊ သံပရာ သီး၊ ကျွဲ ကောသီး အစရှိတဲ့
ဗီတာမင်စီဓာတ် ကြွယ်ဝတဲ့အသီးတွေကို စားသုံးပေးပြီး လန်းဆန်းမှုကို
ပြန်လည်ရယူနိုင်ပါတယ်။ ဒါမှမဟုတ် ဘရိုကိုလီ၊ ငရုတ်ပွသီးတို့ကို ချက်ပြီး စားပါ။

၅။ ငါး

စိတ်ဖိစီးမှုကို သက်သာစေတဲ့ Omega 3 Fatty Acid ကြွယ်ဝတဲ့ ဆယ်လ်မွန်ငါး၊
တူနာငါး၊ ငါးသေတ္တာငါး စတဲ့ ပင်လယ်ငါးများကို မကြာခဏ စားသုံးပေးပြီး
စိတ်ဖိစီးမှုတွေနဲ့ ဝေးအောင် ကြိုးစားကြည့်လိုက်ပါ။

၆။ ရေ

ရေအေးအေးကို တဝကြီး သောက်ပြီး လမ်းခဏလောက် လျှောက်ပေးလိုက်ပါ။
အေးမြတဲ့ရေက သင့်ရဲစိတ်ကို လန်းဆန်းစေပြီး သွေးလည်ပတ်မှု ကောင်းမွန်စေပြီး
ခန္ဓာကိုယ်လှုပ်ရှားလိုက်တဲ့အတွက် စိတ်ဖိစီးမှုကို တိုက်ထုတ်ပေးမဲ့ Endorphin ဓာတ်
ထွက်လာစေပါတယ်။ 

Credit : Duwun

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top