iMyanmarHouse.com - Best Property Website for Myanmar
×

အမေရိကန် - တရုတ် အင်န်နီမေးရှင်း အက်ရှင်ဟာသဇာတ်ကား Kung Fu Panda 3 သည် သီတင်းပတ်ကုန် ပွဲဦးထွက် ရုံတင်ပြငွေ ကန်ဒေါ် လာ ၄၁ သန်းဖြင့် မြောက်အမေရိ က၌ ရုံတင်ပြသငွေ အများဆုံး ရရှိသော နံပါတ်(၁) ဇာတ်ကား ဖြစ်နေသည်။

Kung Fu Panda 3 ဇာတ် ကားတွင် ဂျက်ခ်ဘလက်၊ ဂျေ ကေဆိုင်မွန်၊ အန်ဂျလီနာဂျိုလီ၊ ဂျက်ကီချန်း၊ ဆက်သ်ရိုဂန်၊ လူစီ လူး၊ ဒေးဗစ်ခရော့ခ်နှင့် ကိတ်ဟူ ဆန်တို့က အသံဖြင့်သရုပ်ဆောင် ထားသည်။

ယင်းဇာတ်ကားကို ဇန်နဝါရီ ၂၉ ရက်တွင် အမေရိကန်နိုင်ငံ၌ စတင်ရုံတင်ပြသခဲ့သည်။ အဆိုပါ ဇာတ်ကားသည် ရုပ်ရှင်ဝေဖန်သူ များထံမှ အပြုသဘောသုံးသပ်မှု များ ရရှိထားသည်။

မြောက်အမေရိက၌ ရုံတင်ပြသငွေ အများဆုံးရရှိသော ဇာတ်ကားများစာရင်းတွင် Kung Fu Panda 3 ဇာတ်ကားနောက်၌The Revenant ဇာတ်ကား (ကန်ဒေါ်လာ ၁၂ ဒသမ ၄ သန်း)၊Star Wars: The  Force Awakens(ကန်ဒေါ်လာ ၁၀ ဒသမ ၈ သန်း)၊ The Finest Hours (ကန်ဒေါ်လာ ၁၀ ဒသမ ၃ သန်း)နှင့် Ride Along (ကန်ဒေါ်လာ ၈ ဒသမ ၃ သန်း တို့ ပါဝင်သည်။

Credit : 7 Day Daily

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top