iMyanmarHouse.com - Best Property Website for Myanmar
×















ဝမ်းဗိုက်နာကျင်ရောင်ရမ်းပြီး အစာအိမ်ပြဿ      နာများကြုံတွေ့နေပါ က ဗီတာမင်ဒီပမာဏလျော့နည်းနေခြင်းကြောင့် ဖြစ်နိုင်သည်။

ဝမ်းဗိုက်ပိုင်းနာကျင်ခြင်း၊ ဝမ်းချုပ်ခြင်း၊ ဝမ်းလျှောခြင်းနှင့် ရောင်ရမ်းခြင်းလက္ခဏာများပြသသော IBS ဟုခေါ်သည့် အူလမ်း ကြောင်းရောဂါတစ်မျိုးရှိသော လူနာများ၏ ၈၂ ရာခိုင်နှုန်းသည် ဗီတာမင်ဒီလုံလောက်မှုမရှိဖြစ်နေကြောင်း သုတေသီများလေ့လာ တွေ့ရှိခဲ့သည်။

၎င်းတို့၏ခန္ဓာကိုယ်တွင် ဗီတာမင်ဒီပမာဏ လျော့နည်းလေ ရောဂါလက္ခဏာများ ပိုမိုပြင်းထန်လေဖြစ်ကြောင်း သုတေသီများက ပြောသည်။

ယခုလောလောဆယ်တွင် ဗီတာမင်ဒီချို့တဲ့မှုကြောင့် IBS ရောဂါဖြစ်စေနိုင်သည်ဟု ပြောနိုင်ရန် စောလွန်းနေသေးသည့်။ သို့သော် ဗီတာမင်ဒီပမာဏတိုးမြှင့်စားသုံးပေးခြင်းကြောင့် အူလမ်းကြောင်း ကျန်းမာရေးတိုးတက်လာကြောင်း သိရသည်။

IBS ရောဂါသည်များသည် စိုးရိမ်စိတ်ကြီးခြင်းနှင့် စိတ်ဓာတ် ကျခြင်းတို့လည်း ကြုံတွေ့ရတတ်သည်။ အကယ်၍ မိမိတို့ခန္ဓာကိုယ် ထဲရှိ ဗီတာမင်ဒီပမာဏကို သိရှိလိုပါက သွေးစစ်ဆေးမှုပြုလုပ်နိုင် သည်။

ခန္ဓာကိုယ်အတွက် လိုအပ်သော ဗီတာမင်ဒီကို ဆယ်လမွန်ငါး၊ ဆာဒင်းငါးနှင့်တူနာငါး၊ ဥများ၊ အသည်း၊ မှိုများနှင့် ဒိန်ချဉ်၊ နို့နှင့် နှံစားပင်ထွက် စားစရာများကဲ့သို့ အစားအစာများမှ ရရှိနိုင်သည်။

အကယ်၍ အစားအသောက်စားသုံးခြင်းမှ ဗီတာမင်ဒီလုံ လောက်မှုမရှိပါက ဗီတာမင်ဒီဖြည့်စွက်အားဆေးများ သောက်သုံး သင့်သည်။

နေရောင်ခြည်မှာလည်း သင့်ခန္ဓာကိုယ်အတွက် ဗီတာမင်ဒီရရှိ နိုင်သည့် အကောင်းဆုံး ရင်းမြစ်တစ်ခုဖြစ်ပြီး နေပူဆာလှုံခြင်းဖြင့် လည်း ဗီတာမင်ဒီရရှိမည်ဖြစ်သည်။

အူလမ်းကြောင်းတစ်လျှောက်တွင် ဗီတာမင်ဒီကို တုံ့ပြန်သော အာရုံကြောများတည်ရှိပြီး ဗီတာမင်ဒီမလုံလောက်ခြင်းကြောင့် အူ ရောင်လာနိုင်သည်။ ထို့ပြင် ဗီတာမင်ဒီသည် စိတ်အားပြည့်စေသော ဓာတ်များထုတ်လုပ်မှု၌လည်း အရေးပါသောနေရာမှပါဝင်သော ဗီတာမင်တစ်မျိုးဖြစ်သည်။      

Credit : 7 Day Daily

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top