iMyanmarHouse.com - Best Property Website for Myanmar
×

ဟောလီးဝုဒ် မင်းသမီးလေး Emma Watson ဟာ အခြားစီမံကိန်းတွေကို အာရုံစိုက်ဖို့အတွက် သရုပ်ဆောင်ခြင်း ကနေ ယာယီ ရပ်နားထားတယ်လို့ သိရပါတယ်။ US Weekly သတင်းဌာန က ဖော်ပြထားတာကတော့ အသက် ၂၅ နှစ်အရွယ် Emma Watson ဟာ အလုပ်နှစ်ခုအတွက် အာရုံစိုက်နေရတယ်လို့ သိရပါတယ်။

Paper မဂ္ဂဇင်း နဲ့ အင်တာဗျူးမှာတော့ Emma Watson ဟာ သူမအနေနဲ့ အမျိုးသမီး ၀ါဒီ စာအုပ်တွေ ဖတ်ရှုခြင်း အပါအ၀င် ပုဂ္ဂိုလ်ရေး ဖွံဖြိုးတိုးတက်မှု တွေအတွက် အာရုံစိုက်နေရသလို ကုလသမဂ္ဂရဲ့  HeForShe စီမံကိန်း အတွက်လည်း အာရုံစိုက်နေတယ်လို့ ပြောပြလာပါတယ်။

“ကျွန်မရဲ့  ပုဂ္ဂိုလ်ရေး တာဝန်တစ်ခုကတော့ တစ်ပတ်ကို စာအုပ်တစ်အုပ် ဖတ်ဖို့ပါ။ ကျွန်မဟာ တစ်နှစ်လောက် မိန်းမ တွေအကြောင်းလေ့လာနေခဲ့ပါတယ်။ ပြီးတဲ့အခါမှာတော့ ကျွန်မဟာ လေ့လာတာ အရမ်းများနေပြီလို့ သတိထားမိခဲ့ပါတယ်” လို့ Emma Watson က ဆိုပါတယ်။

Emma Watson ဟာ HeForShe စီမံကိန်းအတွက်လည်း အချိန်ပေးဖို့ လိုအပ်လာတဲ့အတွက် သရုပ်ဆောင်ခြင်းကို ရပ်နားခဲ့ရတာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင်သူမဟာ Harry Potter ဇာတ်လမ်းထဲမှာ ပါဝင်ခဲ့တဲ့ သူမရဲ့ ဇာတ်ကောင် Hermione က တဆင့် ရလိုက်တဲ့ အတွေ့အကြုံတွေအကြောင်းကိုလည်း စာအုပ်ရေးသားဖို့ စီစဉ်နေတယ်လို့ ပြောပြလာပြန်ပါတယ်။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top