iMyanmarHouse.com - Best Property Website for Myanmar
×

ဥာဏ်ရည်ဥာဏ်သွေးမြင့်မားသူတွေက အိပ်စက်ချိန်တွေ ၊စွဲလန်းမှုတွေမှာ သာမန်ဥာဏ်ရည်ရှိသူတွေနဲ့ မတူကြပါဘူး။ မတူညီတဲ့ လေ့လာတွေ့ရှိမှုတွေအရ IQ မြင့်တဲ့သူတွေက နောက်ကျမှ အိပ်ယာထတတ်ကြသလို၊မူးယစ်ဆေးနဲ့ လိင်ကိစ္စများကို ပိုမိုစိတ်ဝင်စားကြောင်းတွေ့ရှိခဲ့ကြပါတယ်။

၁) အိပ်စက်ခြင်းနဲ့ဥာဏ်ရည်ဥာဏ်သွေး
ဥာဏ်ရည်မြင့်မားသူနဲ့ ပုံမှန်ဥာဏ်ရည်ရှိသူပေါင်း ၂၀၀၀၀ ကျော်ကို လေ့လာခဲ့ရာ IQ မြင့်မားသူတွေက ပုံမှန်လူတွေထက် အနည်းဆုံး နာရီဝက်လောက် နောက်ကျပြီးမှ အိပ်တတ်သလို နောက်ကျပြီးမှ အိပ်ယာ ထတတ်ကြောင်း တွေ့ရှိရပါတယ်။ ပြီးတော့ IQမြင့်တဲ့ လူကြီးတွေမှ မဟုတ်ဘဲ ကလေးတွေမှာလည်း အလားတူပင် ဖြစ်တာကို တွေ့ရှိခဲ့ကြပါတယ်။ ဒါ့အပြင် IQ မြင့်မားတဲ့သူတွေက လွတ်လပ်စွာတွေးခေါ်တတ်တဲ့သူတွေဖြစ်ပြီး အများစုက ဘာသာရေးယုံကြည်မှုမရှိတဲ့သူတွေ ဖြစ်တတ်တယ်လို့ ဆိုပါတယ်။

၂)မူးယစ်ဆေးဝါးနဲ့ ဥာဏ်ရည်ဥာဏ်သွေး
အံ့သြစရာလေ့လာတွေ့ရှိချက်တစ်ရပ်ကတော့ IQ မြင့်မားတဲ့သူတွေက မူးယစ်ဆေးဝါးကို စမ်းသပ်သုံးစွဲ လိုစိတ်ပိုများတာကို တွေ့ရှိခဲ့ပါတယ်။ အင်္ဂလန်နိုင်ငံက IQ မြင့်တဲ့ ကလေးငယ်တွေက အရွယ်ရောက်ချိန်မှာ ပုံမှန်ကလေးတွေထက် မူးယစ်ဆေးဝါးပိုမိုသုံးစွဲ လိုတာကို တွေ့ရှိခဲ့ပါတယ်။ မိဘအသိုင်းအဝိုင်း၊ ပညာရေး၊ အဆင့်အတန်းစတဲ့ နောက်ခံတွေနဲ့ မဆိုင်တာကိုလည်း တွေ့ရှိခဲ့ပါတယ်။ ၄င်းတို့က မူးယစ်ဆေးတင်မကဘဲ တရားမဝင်တဲ့ အကြောင်းအရာတော်တော်များများကိုလည်း စမ်းသပ်ပြုလုပ်လိုတာကို တွေ့ရှိခဲ့ပါတယ်။

၃)လိင်ကိစ္စနဲ့ ဥာဏ်ရည်ဥာဏ်သွေး
နောက်ထပ်စိတ်ဝင်စားဖွယ် တွေ့ရှိချက်တစ်ရပ်ကတော့ အောက်စဖို့ဒ်၊ကန်းဘရစ်ခ်ျစတဲ့ ကမ္ဘာ့ထိပ်တန်း တက္ကသိုလ်တွေက ကျောင်းသားတွေက သာမန်အဆင့် တက္ကသိုလ်တွေက ကျောင်းသားတွေထက် လိင်ကစားစရာတွေအတွက် ပိုက်ဆံပိုသုံးကြတာကို တွေ့ရှိခဲ့ကြပါတယ်။IQ မြင့်တာနဲ့ လိင်ကိစ္စစိတ်ဝင်စားခြင်း ဆက်စပ်မှုအတွက် ဖြေရှင်းချက်တစ်ခုရှိပါတယ်။လိင်ကိစ္စက အကောင်းဆုံး စိတ်ဖိစီးမှု ဖြေဖျောက်ပေးတဲ့ အရာ ဖြစ်တာကြောင့် ခက်ခဲတဲ့ လေ့လာမှုတွေအတွက် ဦးနှောက်သုံးလို့ ပင်ပန်းရတဲ့ ဖိစီးမှုတွေကို ပြေပျောက်စေဖို့ အသုံးချတာ ဖြစ်ပါတယ်လို့ ဆိုပါတယ်။

အခုဖော်ပြခဲ့တဲ့ အချက်တွေကြောင့် IQ မြင့်တဲ့သူတွေက ဇီးကွက်လို ညဥ့်နက်တဲ့ အထိနေပြီး မူးယစ်ဆေးသုံးပြီး အပျော်အပါးလိုက်စားနေသူတွေလို့ မဆိုလိုပါဘူး။ ၄င်းတို့က  မတူညီတဲ့ ရှုထောင့်တစ်ခုကနေကြည့်ပြီး အခွင့်အလမ်းအားလုံးကို စမ်းသပ်ကြည့်လိုသူတွေဖြစ်ကြောင်းဖော်ပြထားပါတယ်။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top