iMyanmarHouse.com - Best Property Website for Myanmar
×

ကဆောက်ကဆများပြီး အမြဲလိုလို ရန်ဖြစ်နေကြတဲ့ မိဘတွေကြောင့် သူတို့ရဲ့ကလေးငယ်အများစုဟာ အခွင့်အရေးတွေ ဆုံးရှုံးနေကြတယ်လို့ သိရပါတယ်။ မိဘနှစ်ပါးရဲ့ မပြေလည်တဲ့ဆက်ဆံရေးဟာ ရင်သွေးငယ်တွေကို စိတ်ဆင်းရဲ ကိုယ်ဆင်းရဲဖြစ်စေပြီး နောက်ဆုံးမှာ ကိုယ့်ကိုကိုယ် အဆုံးစီရင်မှုတွေအထိ ဖြစ်သွားအောင် တွန်းအားပေးနေတယ်လို့ လေ့လာမှုတွေက သတိပေးလိုက်ပါတယ်။

မိဘနှစ်ဦးကြားက မပြေလည်နိုင်တဲ့ တင်းမာမှုတွေဟာဆိုရင် ကာလရှည်ကြာလာတဲ့အခါမှာ ကလေးငယ်ရဲ့ စာရိတ္တပိုင်းဆိုင်ရာကို ပျက်စီးစေနိုင်သလို ကလေးရဲ့ စိတ်ထားကိုလည်း တစ်မျိုးတစ်ဖုံပြောင်းလဲသွားနိုင်ပါတယ်။

EIF လို့ ခေါ်ဆိုတဲ့ လေ့လာရေးအဖွဲ့ရဲ့အဆိုအရတော့ မိဘတွေရဲ့ အခုလိုမျိုး အိမ်ထောင်ရေးဟာ ကလေးတွေအတွက် လုံခြုံစိတ်ချရမှုတွေနဲ့ မိသားစုဆိုင်ရာ ဖြည့်ဆည်းမှုတွေကို လျစ်လျူရှုထားသလို ဖြစ်စေတယ်လို့ သိရပါတယ်။

မိဘတွေရဲ့ အိမ် ထောင်ရေး မပြေလည်မှု ပြဿနာတွေကို ချဉ်းကပ်လေ့လာခဲ့ရာမှာတော့ ကလေးတွေရဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုကို ပိုမိုအားနည်းအောင်ပြုလုပ်နေပြီး ရသင့်တဲ့အခွင့်အလမ်းပိုင်းဆိုင်ရာမှာတော့ အနှုတ်လက္ခဏာသာ ဆောင်နေပါတယ်။ ဒီလိုမျိုး ပြင်းထန်တဲ့ ကိစ္စရပ်တွေနဲ့ ထိတွေ့မှုများပြားတဲ့ ကလေးငယ်တွေဟာ ကိုယ့်ကိုကိုယ် ယုံကြည်မှုအားနည်းသွားပြီး စိုးရိမ်မှုနဲ့ စိတ်ဓာတ်ကျဆင်းမှုတွေကတော့ ပိုမိုများပြားလာတယ်လို့ သိရပါတယ်။

ဒီလိုမျိုးကိစ္စရပ်တွေဟာ ကလေးရဲ့ စိတ်ပိုင်းဆိုင်ရာသာ မကပဲနဲ့  သူတို့ရဲ့ ပညာရေးပိုင်းမှာလည်း ထိခိုက်စေနိုင်တယ်လို့ သိရပါတယ်။ ပညာရေးပိုင်း ညွှန်းကိန်းတွေမှာတော့ သူတို့ရဲ့ လူမှုရေးပိုင်းဆက်ဆံရေးနဲ့ စိတ်ဓာတ်ပိုင်းညွှန်းကိန်းတွေမှာလည်း အောက်ကို ကျဆင်းနေပါသတဲ့။

ဒီလိုမျိုးပြဿနာတွေဟာဆိုရင်တော့ အသက်အရွယ်မရွေး သားသမီးတိုင်းမှာ ဖြစ်ပေါ်နိုင်ပြီး သားသမီးတွေရဲ့ စိတ်ဓာတ်ပိုင်းနဲ့ အနာဂတ် အခွင့်အရေးတွေကို ရိုက်ချိုးပစ်တဲ့ အဓိက တရားခံဖြစ်တယ်လို့လည်း EIF က ပြောကြားခဲ့ပါတယ်။


Credit : Thithtoolwin


ဤစာဖတ်သူများအားလုံးစိတ်ဓာတ်ခွန်အားတွေရရှိနိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top