iMyanmarHouse.com - Best Property Website for Myanmar
×

International Journal of Obesity မှ လေ့လာမှုတစ်ခုက ကိုယ်ကာယလေ့ကျင့်ခန်း မိနစ် ၂၀ လုပ်ပေမယ့် ၈ စက္ကန့်တာတိုပြေးခြင်းနဲ့ ဖြည်းဖြည်းလေး ၁၂ စက္ကန့် စက်ဘီးစီးခြင်း တစ်လှည့်စီပြုလုပ်တဲ့ အမျိုးသမီးများဟာ  အထိုင်စက်ဘီး မိနစ် ၄၀ ကြာစီးတဲ့ အမျိုးသမီးများနဲ့ နှိုင်းယှဉ်တဲ့အခါ ၁၅ ပတ်အကြာမှာ ဗိုက်သားအဆီ ပိုလျော့ကျကြောင်း ဖော်ပြခဲ့ပါတယ်။ လေ့ကျင့်ခန်းတစ်ခုနဲ့ တစ်ခု ကြားကာလမှာ ဘယ်လို လှုပ်ရှားမဆို ဆောင်ရွက်နိုင်ပါတယ်။ ပုံမှန် ထည့်သွင်းဆောင်ရွက်နိုင်တဲ့ နည်းလမ်းတချို့မှာတော့

၁။ ပုံမှန်လေး လမ်းလျှောက် သို့မဟုတ် စက်ဘီးလေး နင်းပါ။

ရှေ့ကို တည့်တည့်ကြည့်ပြီး ပေ ၅၀၊ တောင်ထိပ် သို့မဟုတ် လမ်းဆုံးထိ ပြေးပါ။ ပန်းတိုင်ရောက်တာနဲ့ အရှိန်လျော့ပါ။ အသက်ရှူမှု ပုံမှန်ပြန်ဖြစ်ပြီးတဲ့နောက် နောက်ပန်းတိုင်တစ်ခု ထပ်ရွေးပါ။

၂။ အချိန်ကို အသုံးချပါ

နာရီကြည့်ပြီး ပုံမှန်အတိုင်း ၂ မိနစ် လှုပ်ရှားပါ။ ပြီးနောက် မြန်နိုင်သလောက် ၁ မိနစ်ကြာ တဟုန်ထိုး လုပ်ဆောင်ပါ။ အဲဒီပုံစံအတိုင်း အနည်းဆုံး မိနစ် ၃၀ ကြာ ပြန်ပြန်လုပ်ပေးပါ။

၃။ မြူးဇစ် အသုံးပြုပါ

မြူးကြွတဲ့ သံစဉ်နဲ့ ပိုမိုနှေးကွေးပြီး ခပ်အေးအေးတီးလုံးတွေ တစ်လှည့်စီ စီစဉ်ထားပါ။ စည်းချက်အတိုင်း လမ်းလျှောက်၊ ပြေး (သို့) ကခုန်ပါ။

Credit : Trend Myanmar

 ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top