iMyanmarHouse.com - Best Property Website for Myanmar
×

အချစ်ဆိုတာ မူးယစ်ဆေးတစ်မျိုးပါပဲ။ တစ်ချို့မူးယစ်ဆေးတွေက သင့်ကိုပျော်ရွှင်စေပေမယ့် တစ်ချို့ကတော့ သင့်ကို ရူးသွပ်သွားစေနိုင်ပါတယ်။ သင်ချစ်ခဲ့တဲ့သူက သင်နဲ့ဘယ်လိုမှ အဆင်မပြေတော့တာကြောင့် ဆုံးဖြတ်ချက် သေသေချာချာချပြီး လမ်းခွဲခဲ့ကြပေမယ့် သူ့ကို သင့်စိတ်ထဲ စွဲလန်းနေသေးတယ်၊ မေ့လို့မရဘူးဆိုရင် ဒီအချက်လေးတွေအတိုင်း လုပ်ဆောင်ကြည့်ဖို့ တိုက်တွန်းပါရစေ။

၁။သူနဲ့ပတ်သက်သမျှ အရာအားကို ဖျက်လိုက်ပါ။

ဆိုရှယ်မီဒီယာ၊ လူမှုကွန်ယက်တွေမှာ သူ့ကို Unfollow လုပ်တာမျိုး၊ Unfriend လုပ်တာမျိုး အပြီးပြတ် လုပ်ထားလိုက်ပါတော့။ သင့်ဖုန်းထဲက သူ့ဖုန်းနံပါတ်ကို ဖျက်လိုက်ပါတော့။ သူနဲ့အတူရိုက်ထားတဲ့ပုံတွေ၊ စာတိုတွေ အမှတ်ရစရာတွေအားလုံး ဖျက်သင့်တာဖျက်၊ လွှင့်ပစ်သင့်တာ လွှင့်ပစ်လိုက်တာ အကောင်းဆုံးပါ။

၂။ အစီအစဉ်တစ်ခု ချမှတ်ပါ။

ဘယ်နေ့တွေမှာ သူငယ်ချင်းတွေနဲ့ တွေ့မယ်၊ ဘယ်ရက်တွေမှာ မိသားစုဝင်တွေနဲ့ ဆုံမယ် စသဖြင့် သင်စိတ်သက်သာရာရမယ့်အရာတွေကို လုပ်ဆောင်ပါ။ တကယ်လို့ သူငယ်ချင်းတွေက သူနဲ့လည်း ခင်မင်နေတာမို့ သင်မတွေ့ချင်ဘူးဆိုရင်တော့ အိမ်မှာ အေးအေးဆေးဆေး နေလိုက်ပါ။ ဒါပေမယ့် သင်တစ်ယောက်တည်း အလုပ်ရှုပ်နေရင်တော့ အကောင်းဆုံးပေါ့။ သင်စိတ်ဝင်စားတဲ့ အရာတစ်ခုခု အိမ်မှာ လုပ်နေပါ။ သင့်ကိုချစ်တဲ့ မိတ်ဆွေအပေါင်းအသင်းတွေနဲ့တော့ အဆက်မဖြတ်လိုက်ပါနဲ့။ သူတို့နဲ့ နီးကပ်စွာနေပါ။

၃။ခံစားပစ်လိုက်ပါ။

အသည်းကွဲလို့ ဘယ်သူကမှ မငိုပဲ မနေနိုင်ပါဘူး။ ငိုပစ်လိုက်တာ။ သင်နာကျင်နေရတာတွေကို သင့်အခင်ဆုံးသူငယ်ချင်းကို ရင်ဖွင့်နိုင်ပါတယ်။ သူတို့ဖေးမနှစ်သိမ့်မှုတွေက သင့်ရဲ့နာကျင်မှုကို လျော့နည်းသက်သာစေပါတယ်။ ဒီတော့ သင့်အပေါ်မှာ နားလည်မှုအရှိဆုံး အခင်ဆုံး သူငယ်ချင်းတစ်ယောက်ကို သင်ရင်ဖွင့်နိုင်ပါတယ်။

၎။နောက်ပိုင်းချစ်သူ ထပ်ထားဖြစ်ရင် သင်လိုချင်တဲ့အရာတွေက ဘာတွေလဲဆိုတာ ရှင်းလင်းစွာသိပါစေ။

ဒီတစ်ယောက်နဲ့ ပြတ်သွားလို့ တော်ပါပြီ ဘယ်သူနဲ့မှ ထပ်မတွဲချင်တော့ဘူးလို့ သင်လတ်တလော ခံစားမိနေပါလိမ့်မယ်။ ဒါပေမယ့် ကံတရားကို သင်ကြိုပြောလို့ မရနိုင်ပါဘူး။ ဒီတော့ သင် ဒီတစ်ယောက်နဲ့တွဲပြီး ကြုံတွေ့ခဲ့ရတာတွေကို နမူနာယူပြီး သင်နောက်ထပ်အချစ်ရေးတစ်ခု ရှိလာတဲ့အခါ ဘယ်လိုအရာမျိုးတွေ သင်လိုချင်သလဲဆိုတာကို သေချာစဉ်းစားထားဖို့ လိုလာပါပြီ။

၅။တာဝန်ယူချင်စိတ် ရှိပါစေ။

ခုလမ်းခွဲလိုက်တဲ့ တစ်ယောက်နဲ့ သင်ဘာအကြောင်းကြောင့် ပြတ်သွားတာလဲ။ နောက်တစ်ယောက် သင့်ဘ၀မှာ ရှိလာတဲ့အခါ သင့်ဘက်ကရော ဘယ်လိုအချက်တွေ ပြင်ဆင်သင့်သလဲ။ ဘယ်လိုအရာတွေကို တာဝန်ပိုယူသင့်သလဲဆိုတာ တွေးထားပါ။ ဒီလိုမှသာ နောက်ထပ်ဖြစ်ပေါ်လာမယ့် အချစ်ရေးမှာ သင်ဟာ ခုလိုမဖြစ်ပဲ အဆင်ပြေပျော်ရွှင်နိုင်ပါလိမ့်မယ်။

၆။ကျေးဇူးတင်လိုက်ပါ။

သင့်ရဲ့ပြီးဆုံးသွားတဲ့ အချစ်ရေးအတွက် သင်ဘာတွေအကျိုးအမြတ်အဖြစ် ခံစားလိုက်သလဲ ဆိုတာ ချရေးပါ။ သင်နာကျင်ရတာတွေ ရှိပါလိမ့်မယ်။ ခံစားခဲ့ရတာတွေရှိပေမယ့် ဒါဟာ သင့်ကိုပိုရင့်ကျက်သွားစေတယ်ဆိုတာ မမေ့ပါနဲ့။ သင့်အတွက် ကျေးဇူးတင်စရာကိစ္စတစ်ခုလို့ အကောင်းမြင်စိတ်နဲ့ တွေးပါ။


Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top