iMyanmarHouse.com - Best Property Website for Myanmar
×

 နွေရာသီကို ရောက်ပြီ ဆိုတာနဲ့ အထူးသတိထားကြရ မှာက အပူရှပ်ခြင်းပဲ ဖြစ်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ အပူရှပ်ခြင်းက အခန့်မသင့်ရင် ခန္ဓာကိုယ်တွင်း အင်္ဂါတွေနဲ့  ဦးနှောက်ကို ထိခိုက်စေ နိုင်ခြင်းနဲ့ သေဆုံးခြင်း အထိတောင် ဖြစ်စေနိုင်လို့ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း အပူရှပ်ခြင်းကို ကာကွယ်နိုင် ပါတယ်။ ပူပြင်းတဲ့ နွေရာသီ သုံးလတာ ကာလကို အန္တရာယ် ကင်းကင်းနဲ့ ဖြတ်သန်းဖို့ အောက်ပါ အချက်လေး များကို တစ်ချက် ဖတ်ကြည့်လိုက်ပါ။

          - ချောင်ချောင်ချိချိနဲ့ သက်သောင့်သက်သာ ရှိတဲ့ အက်ႌမ်ား ကိုသာ ၀တ္ဆင္ပါ။ အက်ႌအပို ထပ်၍ ၀တ်ဆင်ခြင်း၊ အင်္ကျီအကျပ် များကို ၀တ်ဆင်ခြင်းက ခန္ဓာကိုယ်ကို မအေးစေနိုင် ပါဘူး။

          - နေလောင်ခြင်းမှ ကာကွယ်ပါ။ နေလောင်ခြင်းက ခန္ဓာကိုယ်ရဲ့ အအေးဓာတ် ထိန်းညှိမှုကို ဆိုးကျိုး သက်ရောက်မှု ရှိစေပါတယ်။ ဒါကြောင့် အပြင်ထွက်တဲ့ အခါ ထီးဆောင်းပါ၊ နေကာ မျက်မှန်တပ်ပါ၊ SPF အနည်းဆုံး (၁၅) ရှိတဲ့ နေလောင်ကာ ခရင်မ်ကို လိမ်းပါ။ ဖြစ်နိုင်ရင် နေလောင်ကာ ခရင်မ်ကို နှစ်နာရီ တစ်ခါ လိမ်းပါ။

          -  အရည်များများ သောက်ပါ။ ခန္ဓာကိုယ်မှာ ရေဓာတ်ရှိ နေခြင်းက ချွေးထွက်စေပြီး ခန္ဓာကိုယ် အပူချိန် ကို ထိန်းညှိပေးနိုင် ပါတယ်။ ရေသန့်ကို အဓိကထား သောက်ပါ။

          - မည်သူ့ကို မဆို ရပ်ထားတဲ့ ကားထဲမှာ မထားခဲ့ပါနဲ့။ ဒီကိစ္စက ကလေးတွေမှာ ဖြစ်တတ်တဲ့ အပူနဲ့ ပတ်သက်တဲ့ အန္တရာယ်တွေ ထဲက တစ်ခုပါ။ သေသည် အထိ အန္တရာယ်ရှိ တတ်ပါတယ်။ ကားကို နေပူထဲမှာ ရပ်ထားတဲ့ အခါ ကားထဲက အပူချိန်ဟာ (၁၀) မိနစ် အတွင်းမှာ အပြင် အပူချိန်ထက် ခြောက်ဒီဂရီ စင်တီဂရိတ် ထက်မနည်း ပိုမြင့်တက်လာပါ လိမ့်မယ်။ ကားမှန်တွေကို ချပြီး အရိပ်ထဲမှာ ရပ်ထားတယ် ဆိုရင်တောင်မှ အန္တရာယ် ရှိပါတယ်။  အကောင်းဆုံးက ကားရပ်ထားတဲ့ အခါ ကားထဲမှာ လူမထားခဲ့တာ အကောင်းဆုံး ပါပဲ။

          - ပူပြင်းတဲ့ နေ့တွေမှာ သက်သောင့်သက်သာ နေပါ။ သင်ဟာ ပူပြင်းတဲ့ ရာသီဥတုမှာ အားစိုက်ရတဲ့ အလုပ်တွေကို မဖြစ်မနေ လုပ်နေရ ရင်ရေကို မကြာခဏ သောက်ပေးပြီး အေးမြတဲ့ နေရာမှာ မကြာခဏ  အနားယူ သင့်ပါတယ်။ ကိုယ်လက် လေ့ကျင့်ခန်း လုပ်ငန်းစဉ်တွေ ကိုလည်း နေ့တစ်နေ့ရဲ့ အေးတဲ့ အချိန်တွေ ဖြစ်တဲ့ မနက်စောစောနဲ့ ညနေစောင်း အချိန်တွေမှာသာ လုပ်ဆောင်သင့် ပါတယ်။

          - အယ်လ်ကိုဟောနဲ့ သကြား အများကြီး ပါဝင်တဲ့ အရည်တွေကို မသောက်ပါနဲ့။ ၄င်းအရည် တွေက ခန္ဓာကိုယ်တွင်း ရေဓာတ်ကို ပိုပြီး ဆုံးရှုံးစေနိုင် ပါတယ်။ အရမ်းအေးတဲ့ အရည်တွေ ကိုလည်း မသောက်ပါနဲ့။

          - အပူရှပ်ခြင်းက အသက်အရွယ် မရွေး ဖြစ်ပွားနိုင်တယ် ဆိုပေမယ့်လည်း တချို့သူတွေ ဖြစ်ပွားမှုက ပိုပြင်းထန်နိုင် ပါတယ်။ သူတို့တွေ ကတော့ မွေးကင်းစ ကလေးငယ်နဲ့ ကလေးများ၊ အသက် (၆၅) နှစ်နဲ့ အထက် လူကြီးများ၊ စိတ်ရောဂါရှိ သူများနဲ့ နှလုံးရောဂါ၊ သွေးတိုး ရောဂါရှိသူများတို့ ဖြစ်ကြပါတယ်။

Credit:Messenger

 ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top