iMyanmarHouse.com - Best Property Website for Myanmar
×

အိပ်ထမတင် လေ့ကျင့်ခန်းက ခါးတဝိုက် မလိုအပ်တဲ့ ကိုယ်အလေးချိန်(အဆီ)တွေ လျော့ကျစေတဲ့ လေ့ကျင့်ခန်းများထဲက တစ်ခုဖြစ်ပါတယ်။ သို့သော် အိပ်ထမတင် က ဗိုက်သားအဆီလျော့ချရာမှာ တကယ် အထောက်အကူ ဖြစ်စေသလား။ ဗိုက်သားအဆီလျော့ချဖို့အတွက် အိပ်ထလေ့ကျင့်ခန်းမ မကျင့်သုံးခင် သိထားသင့်တဲ့အချက်တချို့ရှိပါတယ်။

အိပ်ထမတင် က အဆီအားလုံး လောင်ကျွမ်းစေ
အိပ်ထမတင် ပြုလုပ်ခြင်းက ပြားချက်တဲ့ ဗိုက်ရရှိစေမယ်လို့ ယူဆပါက မှားပါတယ်။ အိပ်ထမတင် က ဗိုက်ကိုပဲ အထူးရည်ရွယ်တာ မဟုတ်ပါ။ အဆီအားလုံးကို ကျစေနိုင်ပါတယ်။ မနားဘဲ ၁၀ မိနစ်ကြာ အိပ်ထ အတန်အသင့်ပြုလုပ်ပေးခြင်းက ကယ်လိုရီ ၆၀ ပမာဏ လောင်ကျွမ်းစေပါတယ်။ မိမိကိုယ်အလေးချိန်မှာလည်း အထူးတာဝန်တစ်ရပ်ရှိပါတယ်။ သင် ၆၈ ကီလိုထက် လျော့နည်းပါက ဒီသတ်မှတ်ချိန်အတွင်း ကယ်လိုရီ ပိုလျော့ပြီး လောင်ကျွမ်းပါလိမ့်မယ်။ အလေးချိန်ပိုရင်တော့ ၁ မိနစ် အိပ်ထ ၇ ကြိမ်လုပ်ပါက ကယ်လိုရီ ပိုလောင်ကျွမ်း ပါလိမ့်မယ်။
ဗိုက်သားအဆီလျော့ချရာမှာ စနစ်ကျမှုနဲ့ ကြိုးပမ်းအားထုတ်မှု နှစ်ခု အညီအမျှရှိဖို့ လိုအပ်ပါတယ်။ ဒါ့ကြောင့် ဗိုက်အဆီတွေ ဖယ်ထုတ်ချင်ရင် ပထမဆုံး လုပ်သင့်တာက ခြေလက်ရှေ့သို့ ဆန့်ထုတ်ခြင်း၊ ခြေထောက်မြောက်ပင့်ခြင်း၊ ကိုယ်ကို တကျွတ်ကျွတ်မြည်အောင် လိမ်ပေးတာတွေ အရင်လုပ်ပေးသင့်ပါတယ်။ စစချင်း ပြင်းပြင်းထန်ထန် မလုပ်ပါနဲ့။ ဖြည်းဖြည်းချင်းပဲ စပြီး ပုံမှန်လေး တက်သွားပါ။ ပုံမှန်လေ့ကျင့်ခန်း မပြုလုပ်ခင် သွေးပူလေ့ကျင့်ခန်းအနည်းငယ် လုပ်ပေးဖို့ မမေ့ပါနဲ့။

အိပ်ထမတင် လေ့ကျင့်ခန်းရဲ့ အခြားသော ကောင်းကျိုးများ
အိပ်ထလေ့ကျင့်ခန်းက အဆီလျော့ချခြင်းအတွက် အကောင်းဆုံးရွေးချယ်မှု မဟုတ်နိုင်ပေမယ့် တခြားကောင်းကျိုးများစွာလည်း အမှန်တကယ် ရရှိစေပါတယ်။ ကြွက်သားတွေ ပိုရှိလာခြင်းက အပြန်အလှန်အနေနဲ့ လောင်ကျွမ်းတဲ့ ကယ်လိုရီပမာဏ ပိုများစေတယ်။ အဆီကို လောင်ကျွမ်းစေတယ်။ နောက်ပြီး ဝမ်းဗိုက်ကြွက်သားများ ဖွံ့ဖြိုးစေပြီး ဗိုက်ကို ကျစ်လစ်တောင့်တင်းစေပါတယ်။

Credit : Trend Myanmar 

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top