iMyanmarHouse.com - Best Property Website for Myanmar
×

အဓိက အစားအစာတမျိုးဖြစ်လာတဲ့ အာလူးဟာ ဒီရက်ပိုင်းအတွင်း အရမ်းရေပန်းစားနေပါတယ်။ ကျန်မာရေးအထောက်အကူပြုရန် လူများစွာဟာ အားလူးကို လွှဲပြောင်းစားသောက်လာကြပါပြီ။ ဘာကြောင့်လဲဆိုတော့ အာလူးမှာ ဆန်၊ ဂျုံတွေလိုမျိုး ကစီဓါတ် ပေါများစွာပါဝင်ပေမဲ့ ကယ်လိုရီဓါတ်နည်းပါးပါတယ်။ ပြီးတော့ အာလူးမှာ ကျန်းမားရေးအတွက် မရှိမဖြစ်အရေးကြီးတဲ့ ဗီတာမင်အုပ်စု များ၊ သတ္တုဓါတ်များ ပါဝင်ပါတယ်။ ကျန်းမာရေးအတွက် အာလူးရဲ့ အခြားအကျိုးကျေးဇူးများကို ဒီလိုမှတ်ယူနိုင်ပါတယ်။

၁။ အစာကြေဓါတ် (fiber) ကြွယ်ဝခြင်း

ဆန်၊ ဂျုံနှင့်လုပ်ထားသော ပေါင်မုန့်၊ နှံစားပြောင်းမှုန့်၊ ပစ်တာတို့နှင့်တူညီစွာ အစာကြေဓါတ် အပြည့်အဝပါဝင်ပါတယ်။ အစာကြေ ဓါတ် အများအပြားပါဝင်တာကြောင့် ခန္ဓာကိုယ်အစာခြေစနစ်အတွက် အာလူးဟာ အကျိုးကြီးလှပေတယ်။ လူများစွာတို့သည် သူတို့ရဲ့ကျန်းမာရေးအစီအစဉ်အထောက်အကူပြုရန်အတွက် အာလူးကို မကြာခဏ စားသုံးကြပါတယ်။

၂။ ကူးစက်ရောဂါ တိုက်ထုတ်ခြင်း

အာလူးဟာ (ကျား) သုက်ရည်ဂလင်းကင်ဆာ၊ သားအိမ်ကင်ဆာများကဲ့သို့ ကင်ဆာဖြစ်နိုင်ခြေကို ထိရောက်စွာလျော့ချပေးပါတယ်။ အာလူးဟာ နှလုံးရောဂါများကိုလည်း ခုခံတိုက်ထုတ်ပေးတယ်လို့ အချို့လေ့လာမှုများက ပြသနေပါတယ်။ အာလူးမှာ စိတ်ကစဉ် ကလျားဖြစ်ခြင်းနှင့် ကျောက် ဒါမှမဟုတ် အကျိတ်အခဲဖြစ်တည်ခြင်းမှလည်း ထိရောက်စွာကာကွယ်ပေးတဲ့ ဗီတာမင် ဘီ ၆ ပါဝင်ပါ တယ်။

၃။ အရေပြားကျန်းမာရေး ကောင်းမွန်စေခြင်း

အာလူးမှာ ခန္ဓာကိုယ်အတွက် အထူးသဖြင့် အရေပြားအတွက် အကေားဆုံးဖြစ်တဲ့ ဗီတာမင် စီ ပါဝင်ပါတယ်။ အာလူးအရည်ကို မျက်နှာပေါ်မှာ သုတ်လိမ်းခြင်းဟာ အသားအရေကို ဝင်းဝါစိုပြေစေပြီး အလှတိုးစေပါတယ်။ သခွားသီးလို အားလူးကိုလည်း မျက်စိပေါ်တွင် မိနစ် ၃၀ ကြာဖုံးအုပ်ထားပါက မျက်စိရောင်ရမ်းခြင်းနှင့် မျက်ဝန်းညိုခြင်းမှ လျောချပေးပါတယ်။

၎။ ကိုလက်စထရောလ်ပမာဏကို လျှော့ချပေးခြင်း

အာလူးက ခန္ဓာကိုယ်ကို ဝစေတယ်ဆိုတဲ့ ကောလဟာလတွေကို ကြားဖူးမှာပါ။ အမှန်တော့ အာလူးမှာ ဆန်လိုဘဲ ကယ်လိုရီ အများအပြား မပါဝင်ပါဘူး။ အာလူးရဲ့ အာနိသင်က ကြာရှည်ခံနိုင်တာကြောင့် အလွယ်တကူ ဆာလောင်မွတ်သိုက်မှုမဖြစ်ပေ။ ပြီးတော့ အာလူးက ကိုလက်စထရောလ်ပမာဏကို လျှော့ချပေးပါတယ်။

၅။ မှတ်ဥာဏ်ကောင်းခြင်း

အာလူးမှာ မှတ်ဥာဏ်ဖွံ့ဖြိုးအားကောင်းစေတဲ့ သံဓါတ်နှင့် ကောပါးဓါတ် အပြည့်အဝ ပါဝင်ပါတယ်။

၆။ ကိုယ်ခန္ဓာရောင်ရမ်းခြင်းကို လျှော့ချပေးခြင်း

ကိုယ်ခန္ဓာအတွင်း၊ အပြင်နှစ်ခုလုံး ရောင်းရမ်းနာကျင်မှုကို ခံစားနေရပါက အဲဒီအန္တရာယ်ကို ရင်ဆိုင်ဖြတ်ကျော်ဖို့ အာလူးမှ အထောက်အကူပြုပါတယ်။ အာလူးဟာ အစာကြေလွယ်စေတဲ့ အစားအစာဖြစ်တဲ့အတွက် အူမကြီးနှင့် အစာခြေစနစ်အတွင်းရှိ နာကျင်ရောင်ရမ်းမှုကို လျှော့ချပေးပါတယ်။ အာလူးဟာ ခံတွင်းရောဂါများ ဒါမှမဟုတ် နာကျင်ရောင်ရမ်းမှုတွေကို ဖြတ်ကျော်ရန် အထောက်အကူပြုပါတယ်။ အာလူးဟာ ထိခိုက်ပွန်းပဲ့ခြင်း၊ ရေပူလောင်ခြင်း၊ အဆစ်လွဲခြင်းနှင့် အဖုအကျိတ် စတဲ့ အပြင်ရောဂါများ ကုသရာတွင် ထိရောက်စွာအကျိုးပြုပါတယ်။ ဒါအပြင် မူးယစ်ဆေးဝါးဆေးများရဲ့အကျိုးသက်ရောက်မှုရောဂါများနှင့် အရေပြား ရောဂါများ ခုခံတိုက်ခိုက်ရာတွင် နာမည်ကြီးရေပန်းစာနေပါတယ်။

၇။ ကျောက်ကပ်မှာ ကျောက်တည်သူများအတွက် အထူးသင့်တော်ခြင်း

အာလူးမှာ ကျောက်ကပ်မှာ ကျောက်တည်ခြင်းကို ထိရောက်စွာ ကာကွယ်ပေးတဲ့ သံဓါတ်နှင့် ထုံးဓါတ်ပါဝင်ပါတယ်။ ဒါပေမဲ့ ကျောက်ကပ်မှာ ကျောက်တည်ခြင်းကို ကုသရေးတွင် အာလူးအသုံးတည့်စေဖို့အတွက် အာလူးမှာ ကျောက်ကပ်နှင့် အခြားတစ်ရှူး တွေမှာ ထုံးဓါတ်ဖြစ်တည်ခြင့် ဒါမှမဟုတ် အနည်ကျခြင်းကို ခုခံပေးတဲ့ မဂ္ဂနီဆီယမ်ဓါတ် အများအပြားပါဝင်ပါတယ်။ ကျောက်ကပ်မှာ ကျောက်တည်နေသောလူနား ထမင်းစာရာတွင် အာလူးကိုနေ့စဉ်မှီဝဲစားသုံးပါလို့ ဆရာဝန်များက အကြုံပြုပြောဆိုထားပါတယ်။

၈။ စိတ်ဖိစီးမှု သက်သာပျောက်ကင်းစေခြင်း

အာလူးမှာ ဗီတာမင် ဘီ ၆ ပါတဲ့အတွက် စိတ်ဖိစီးမှုဝေဒနာကို တွန်းလှန်ချေမှုန်းရာတွင် အရမ်းအသုံးဝင်ပါတယ်။ စိတ်ဖိစီးမှုကို အလိုက်သင့်တုန့်ပြန်ပေးတဲ့ အဒရီနလင်ဟော်မုန်းဓါတ်ကို ထုတ်လုပ်ပေးပြီး နောက်ဆုံးမှာ ခန္ဓာကိုယ်ငြိမ်သက်ခြင်းနှင့် ချမ်းမြေ့ သောခံစားချက်ကို ပေးပါတယ်။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top