iMyanmarHouse.com - Best Property Website for Myanmar
×

ကျွန်ုပ်တို့ အများစုအဖို့ လက်သည်းပြုပြင် ထိန်းသိမ်းရတာကလည်း အလှအပ ထိန်းသိမ်းခြင်းနဲ့ အတူတူပဲ ဖြစ်ပါတယ်။ လက်သည်းကို သေချာတိတိပပ ညှပ်ထားပြီး ပဲ့ရာကင်းတဲ့ လက်သည်းက အကောင်းဆုံးပါ။ လက်သည်းတွေ အဝါရောင်ပြောင်းလာနေတာ ဒါမှမဟုတ် အလွှာတွေ ကွာကျနေရင် လက်သည်း ပြုစုထိန်းသိမ်းမှု ပုံစံလေးပြောင်းချင် စိတ်ဖြစ်ကောင်း ဖြစ်ပါလိမ့်မယ်။

ဒါပေမယ့် အပေါ်ယံလွှာအောက်မှာ ဆက်စပ်နေတဲ့ ကျန်းမာရေးပြသနာက ဘာလဲ။  အလှပြင်ဆိုင်တို့မှာ လုပ်နေကျအရာက လက်သည်းရင်းရှိ အရေမာအရစ် ဖြတ်ပစ်ခြင်းပဲ ဖြစ်ပါတယ်။ အဲဒါက အရုပ်ဆိုးပြီး ဒုက္ခပေးပါတယ်။ လက်သည်းအလှလည်း လုံးဝ ကျဆင်းပါတယ်။ ဖြတ်ပစ်လိုက်ခြင်းက အဆိုးဆုံး လက်သည်း ပြုစုထိန်းသိမ်းမှု အမှားတွေထဲက တစ်ခုဖြစ်ပါတယ်။ လက်သည်းရင်းရှိ အရေမာအရစ်က  လက်သည်းကို ရောဂါပိုးနဲ့ ဘက်တီးရီးယားရန်မှ ကာကွယ်ပေးပါတယ်။ ညှပ်ထုတ်လိုက်တဲ့အခါမှာ ဘက်တီးရီးယား ကူးစက်မှုမျိုးစုံအတွက် လမ်းဖွင့်ပေးနေတာပါ။

မလိုလားအပ်တဲ့ ရောဂါကူးစက်မှုပြသနာအပြင် လက်သည်းရင်းရှိ အရေမာအရစ်တွေ လှီးထုတ်ပစ်ခြင်းက ပြသနာတွေြ့ဖစ်စေပါတယ်။ အစပိုင်း ကြည့်ကောင်းပေမယ့် အမြဲဖြတ်နေပါက မာတောင့်ပြီး မသပ်မရပ် ပြန်ပေါက်လာပါလိမ့်မယ်။ ယင်းအရေမာအရစ်တွေ မထိဘဲ မနေနိုင်ဘူးဆိုရင် အန္တရာယ်ကင်းတဲ့ ရွေးချယ်စရာတစ်ခုတော့ ရှိပါတယ်။ ညှပ်ပစ်မယ့်အစား ပြန်ထိုးသွင်းလိုက်ပါ။ ပြသနာရှင်းသွားပါပြီ။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top