iMyanmarHouse.com - Best Property Website for Myanmar
×

ရေကူးခြင်းက သင့်အတွက် အကောင်းဆုံး လေ့ကျင့်ခန်းဆိုတာ သင် သိပါသလား။ ရေကူးခြင်းက ကျန်းမာရေးအတွက် အထောက်အကူ ဖြစ်စေတဲ့ အချက် (၅) ချက်ကို ဖော်ပြထားပါတယ်။
၁။ ရေကူးခြင်းက စိတ်တည်ငြိမ် အေးချမ်းစေတယ်လို့ သုတေသနတွေက ဆိုပါတယ်။

ရေကူးခြင်း ရေနဲ့အနီးအနားမှာ နေခြင်းက တရားထိုင်းခြင်းကဲ့သို့ ဦးနှောက်ကို အနားရစေပြီး စိတ်တည်ငြိမ်စေကြောင်း သုတေသီတွေက ဆိုပါတယ်။ ရေထဲမှာ ပေါလောပေါ်နေအောင် စိမ်နေခြင်းက တရားထိုင်သလို စိတ်ကို သက်ရောက်မှု ရှိစေပါတယ်။

၂။ ရေကူးခြင်းက အရိုးအဆစ်နဲ့ ကြွက်သားတွေကို လေ့ကျင့်ခန်း ဖြစ်ပြီး နှလုံးကျန်းမာရေးလည်း ကောင်းမွန်စေပါတယ်။ အဆစ်အမြစ် ရောင်ရမ်းနာကျင်မှု ခံစားရသူတွေအတွက် ရေကူးခြင်းက သင့်တော်ပါတယ်။

၃။ ရေကူးခြင်းနဲ့ ရေနဲ့နီးတဲ့ နေရာတွေမှာ နေထိုင်ခြင်းက သဘာဝနဲ့ ပိုမိုနီးစပ်စေပြီး ကျန်းမာရေးအတွက် ကောင်းမွန်ပါတယ်။ လေ့လာမှုတွေအရ သဘာဝပတ်ဝန်းကျင်မှာ နေထိုင်ခြင်းက စိတ်နဲ့ ခန္ဓာကိုယ် ကျန်းမာရေးအတွက် အထောက်အကူ ဖြစ်စေပါတယ်။

၎။ ရေကူးခြင်းက ခန္ဓာကိုယ် အားကောင်းစေဖို့ လေ့ကျင့်ခန်းတစ်ခုဖြစ်ကြောင်း အမျိုးသမီး ကျန်းမာရေးမဂ္ဂဇင်းက ဖော်ပြပါတယ်။ ရေကူးခြင်းက နှလုံးရဲ့ စွမ်းဆောင်ရည်ကိုလည်း ကောင်းမွန်စေပါတယ်။

၅။ ရေကူးသမားတွေနဲ့ ပိုမို ကျန်းမာတဲ့ အဆုတ်ကြား ဆက်စပ်မှုရှိကြောင်း သုတေသီတွေက ဆိုပါတယ်။ ရေကူးခြင်းဖြင့် အဆုတ်ကျန်းမာစေဖို့ အထောက်အကူ ဖြစ်စေနိုင်ပါတယ်။ အဆုတ်ကျန်းမာခြင်းက ကျန်းမာရေးအတွက် အဓိက ကျပါတယ်။

Credit : Duwun

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top