iMyanmarHouse.com - Best Property Website for Myanmar
×

အမျိုးသား အမျိုးသမီးမရွေး အသံသြဇာကောင်းအောင် လေ့ကျင့်ထားလို့ ရပါတယ်။

မမြန်နဲ့

လူတော်တော်များများဟာ စကားပြောတဲ့အခါ တအားမြန်နေတာကြောင့် စကားလုံးတွေဟာ မထိရောက်ပါဘူး။ စီးပွားရေးနယ်ပယ်၊ လုပ်ငန်းခွင်နယ်ပယ်တွေမှာ ဒီလိုအမြန်ပြောတာဟာ သင့်အပေါ်လူတွေ မြင်ပုံကိုပါ သက်ရောက်မှုရှိပါတယ်။ စကားပြောရင် မမြန်ပါနဲ့။ ဖြေးဖြေးချင်းလေ့ကျင့်ပါ။ သင့်စိတ်အခြေအနေကပါ တည်ငြိမ်လာတာ တွေ့ရပါမယ်။

ရှင်းရှင်းလင်းလင်း ပြောပါ

စကားလုံးတွေကို ရှင်းရှင်းလင်းလင်းပြောပါ။ ဒါမှ နားထောင်သူရဲ့ စိတ်ထဲ ထိထိရောက်ရောက် ဝင်သွားမှာ ဖြစ်ပါတယ်။

ပြောပုံ

ပြောတဲ့အခါမှာ တစ်ဖက်လူ သဘောကျမယ့်နေရာက စပြောပါ။ နောက်မှ ကိုယ်ရည်ရွယ်တာကို ပြောပါ။ စကားလုံးတွေကို ရွေးသုံးပါ။ အထူးသဖြင့် အဆိုးဘက်ရောက်တဲ့ စကားလုံးတွေ မသုံးပါနဲ့။ ထိထိရောက်ရောက်နဲ့ တိုတိုပြောပါ။ ဝေ့လည်ကြောင်ပတ် မပြောပါနဲ့။

အသံ

လူကြီးတစ်ယောက်ဆို သင့်ရဲ့ အသံ pitch ဟာ 125.5 Hz လောက် အနည်းဆုံးရှိသင့်ပါတယ်။ ဒီထက်နိမ့်နေတယ်ဆိုရင်တော့ လေ့ကျင့်သင့်ပါတယ်။

Credit: Duwun

 ဤစာဖတ်သူများအားလုံးစိတ်ဓာတ်ခွန်အားတွေရရှိနိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top