iMyanmarHouse.com - Best Property Website for Myanmar
×

အမျိုးသမီး သန်းနဲ့ချီဟာ အသက်မွေးဝမ်းကျောင်းလုပ်ငန်း ထိခိုက်စေမှာ စိုးရိမ်ကြတာမို့ လုပ်ခတိုးတောင်းဖို့ ထိတ်လန့်ကြကြောင်း လေ့လာမှုအသစ်အရ သိရပါတယ်။အမျိုးသမီး ၁၀ ယောက်မှာ ၇ ယောက်က အလုပ်ထိခိုက်နိုင်တယ်ဆိုတဲ့ စိုးရိမ်စိတ် တစ်ဝက်ကြောင့် လုပ်ခတိုးတောင်းဖို့ ကိစ္စတောင် မစဉ်းစားကြောင်း ပြောဆိုကြပါတယ်။

အမျိုးသားများ ၃ ပုံ ၁ ပုံနဲ့ နှိုင်းယှဉ်ရင် လွန်ခဲ့သော ၃ နှစ်တုန်းက အမျိုးသမီး ၅ ယောက်မှာ ၁ ယောက်ကသာ လုပ်ငန်းရှင်သူဌေးထံ လစာတိုးပေးဖို့ တောင်းဆိုခဲ့ဖူးကြပါတယ်။Recruitment agency Randstad မှ ပြုလုပ်တဲ့ ယူကေနိုင်ငံက ဝန်ထမ်း ၂,၀၀၀ ထံ စစ်မေးတဲ့ စစ်တမ်းက အမျိုးသမီး ၄ ပုံ ၁ ပုံဟာ လုပ်ငန်းခွင်မှာ ခွဲခြားမှုရှိနေသေးကြောင်း ယုံကြည်မှုရှိတာ တွေ့ရှိခဲ့တယ်။

အမှန်တော့ လုပ်အားခ မညီမျှမှုဟာ လုပ်ငန်ခွင်ယဉ်ကျေးမှုမှာ အရိုးစွဲနေခဲ့ပြီဖြစ်ပါတယ်။ အမျိုးသား ၄ ပုံ ၁ ပုံက အမျိုးသမီးတွေမှာ အမျိုးသားတွေ ဝင်ငွေပိုရတယ်ဆိုတာ လက်ခံထားကြတာမို့ လစာတိုးမယ့်အခွင့်အရေး ပိုနည်းကြောင်း ယူဆ ကြပါတယ်။အလားတူပဲ အမျိုးသမီးထက်ဝက်နီးပါးက အမျိုးသားတွေမှာ လစာတိုးဖို့ အခွင့်အရေးပိုများတယ်လို့ ယူဆထားကြပါတယ်။ အမျိုးသား ၅ ပုံ ၁ ပုံကျော်ကလည်း ဒါကို လက်ခံကြပါတယ်။

ဒီရလဒ်က လုပ်ငန်းခွန်မှာ အမျိုးသမီးများ ဆက်လက်ရင်ဆိုင်မယ့် စိန်ခေါ်မှုတွေကို မီးမောင်းထိုးပြခဲ့ပါတယ်။ ဒါ ၂၁ ရာစု ဖြစ်ကောင်းဖြစ်မယ်။ ဒါပေမယ့် အမျိုးသမီးဝန်ထမ်းအများစုအဖို့ ၂၀ ရာစုထဲမှာ ရှိနေသကဲ့ ခံစားနေရပါသေး ကြောင်း Randstad UK ရဲ့ စီအီးအို Mark Bull က ပြောဆိုခဲ့ပါတယ်။

ပျှမ်းမျှအနေနဲ့ လွန်ခဲ့သော ၅ နှစ်အတွင်း အမျိုးသားများ လစားတိုးမှု ၃ ခါ ဖြစ်နေချိန်မှာ အမျိုးသမီးဝန်ထမ်းများက လစာတိုးပေးမှု ၂ ကြိမ်ပဲ ရှိခဲ့ပါတယ်။မိမိကိုယ်ကိုယ်ယုံကြည်မှုကင်းမဲ့ခြင်းနဲ့ မိမိတို့ကျွမ်းအရည်အချင်းကို ယုံကြည်မှုမရှိခြင်းဖြစ်တဲ့နောက်မှာ လုပ်ငန်းရှင်များရဲ့ စိတ်သဘောထားကသာ အမျိုးသမီးများ လုပ်ငန်းခွင်မှာ အောက်ကျနောက်ကျဖြစ်နေရစေတဲ့ အဓိကအချက် ဖြစ်ပါတယ်။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးစိတ်ဓာတ်ခွန်အားတွေရရှိနိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top